Tuesday, December 8, 2015

Myanmar Goverment condition 08/12/2015

God be with you always

နောက်ကြောင်းပြန် အပြစ်ပေးအရေးယူတာမျိုး မလုပ်စေချင်ရင် ...

''နောက်ကြောင်းပြန် အပြစ်ပေးအရေးယူတာမျိုး မလုပ်စေချင်ရင် ...''

၂၀၁၅ ဒီဇင်ဘာ ၅ ရက်နေ့က အထက်မြန်မာပြည် ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ကြားခဲ့တာကို NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်က ''အတိတ်ဆိုတာက အနာဂတ်အတွက် သင်ခန်းစာယူဖို့၊ အာဃာတထားဖို့ မဟုတ်ဘူး၊ နောက်ကြောင်းပြန်ပြီး အပြစ်ယူဖို့ မဟုတ်ဘူးတဲ့၊ အာဃာတထားပြီး ကလဲ့စားချေဖို့လည်း မဟုတ်ဘူးတဲ့'' လို့ ပြန်ပြောပြခဲ့တာ သတင်းတပုဒ်မှာ ဖတ်ရတယ်။

ခရစ်စမတ်သီချင်းတွေနဲ့ ပြန်လည်နိုးထလာခဲ့ပြီ



ဒေါ်အောင်ဆန်းစုကြည် မိန့်ကြားတဲ့ စကားထဲက ကျနော့်အနေနဲ့ ''(၁) အတိတ်ဆိုတာက အနာဂတ်အတွက် သင်ခန်းစာယူဖို့ (၂) အာဃာတထားပြီး ကလဲ့စားချေဖို့ မဟုတ်ဘူး'' ဆိုတဲ့ နှစ်ချက်ကို လက်ခံပါတယ်။ ဒါပေမယ့် ''နောက်ကြောင်းပြန်ပြီး အပြစ်ယူဖို့ မဟုတ်ဘူး'' ဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး အကြံပြုပြောကြားချင်တာ ရှိပါတယ်။

စစ်ဖြစ်ပြီဆိုတာနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ရှိကိုရှိနေပြီ



အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ရှေးရှုတဲ့အနေနဲ့ ပြည်သူတွေအပေါ် ဖိနှိပ် ရက်စက် သတ်ဖြတ်မှုမျိုးစုံ ကျူးလွန်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေကို ခံခဲ့ရတဲ့ ပြည်သူတွေဘက်က ခွင့်လွှတ်ပေးပြီး နောက်ကြောင်းပြန် အပြစ်ပေးအရေးယူတာမျိုး မလုပ်စေချင်ရင် တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ်၊ န၀တ-နအဖခေတ်မှသည် ဦးသိန်းစိန် သမ္မတသက်တမ်း ကုန်ဆုံးတဲ့အထိ ထိပ်ပိုင်းရာထူးတွေမှာ တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ အပါအ၀င် သက်ရှိထင်ရှား စစ်ခေါင်းဆောင်တွေအားလုံး (၁) ပြည်သူကို တရားဝင် ၀န်ချတောင်းပန်လာအောင် (၂) မတော်မတရား ရယူပိုင်ဆိုင်ထားတာတွေကို အတိုင်းအတာတခုအထိ ပိုင်ဆိုင်ခွင့်ပြုပြီး ကျန်တာကို တိုင်းပြည်အကျိုးကို ရှေးရှုပြီး ပြန်လည်အပ်နှံလာအောင် တိုက်တွန်း ပြောဆို ညှိနှိုင်းဖို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီမှာ တာဝန်ရှိတယ်လို့ အကြံပြုပြောကြားချင်တာပါ။

လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်သလို ပြစ်မှုကျူးလွန်ခဲ့သူတွေဘက်က အလိုက်တသိ ၀န်ချတောင်းပန်၊ ခံခဲ့ရတဲ့ ပြည်သူတွေဘက်ကလည်း အာဃာတမထားဘဲ ခွင့်လွှတ်ပါမှ စစ်မှန်တဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆိုတာ ဖြစ်လာမှာပါ။ ခံခဲ့ရတဲ့ ပြည်သူတွေကို တဖက်သတ် ခွင့်လွှတ်အနစ်နာခံခိုင်းနေရုံနဲ့ စစ်မှန်တဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆိုတာ ဖြစ်လာမှာမဟုတ်ပါ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား ...။

0 comments:

Post a Comment

KarenKweNewsGroup © 2008 Template by:
SkinCorner