Thursday, December 10, 2015

General News 11/12/2015

God be with you forever

ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်တဲ့ အချက် (၃) ချက်

“ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်တဲ့ အချက် (၃) ချက်”

- ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ‘မီးခိုးဗုံး’ လို့ ပြောပေးခဲ့သလဲ။
+ စစ်အာဏာရှင်တွေနဲ့ ယုံကြည်မှုတည်ဆောက်ချင်ဇောနဲ့ ပြောပေးခဲ့တယ်လို့ ကျနော် နားလည်ပေးတယ်။

- ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ‘နော်အုန်းလှ၊ ဒေါ်မြင့်မြင့်အေး (မိတ္တီလာ)၊ ကိုဟန်ဝင်းအောင်’ တို့လို NLD အမာခံတွေကို ပစ်ပယ်ခဲ့သလဲ။
+ စစ်အာဏာရှင်တွေနဲ့ ယုံကြည်မှုတည်ဆောက်ချင်ဇောနဲ့ ပစ်ပယ်ခဲ့တယ်လို့ ကျနော် နားလည်ပေးတယ်။

- ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ‘ဗကသ ပညာရေးဥပဒေပြင်ဆင်ရေး သပိတ်တိုက်ပွဲ’ ကို အားမပေးခဲ့သလဲ။
+ စစ်အာဏာရှင်တွေနဲ့ ယုံကြည်မှုတည်ဆောက်ချင်ဇောနဲ့ အားမပေးခဲ့တာလို့ ကျနော် နားလည်ပေးတယ်။

- ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ‘ကိုပါကြီး၊ ဒေါ်ခင်ဝင်း၊ ကချင်ဆရာမနှစ်ဦး’ တို့လို သေမှုသေခင်းတွေမှာ နှုတ်ဆိတ်နေပေးခဲ့သလဲ။
+ စစ်အာဏာရှင်တွေနဲ့ ယုံကြည်မှုတည်ဆောက်ချင်ဇောနဲ့ နှုတ်ဆိတ်နေပေးခဲ့တယ်လို့ ကျနော် နားလည်ပေးတယ်။

အေးမြမြ ဆောင်းရာသီနဲ့အတူ ပါလာတဲ့ Christmas



- ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ‘အလုပ်သမား၊ လယ်သမား သပိတ်တိုက်ပွဲ’ တွေနဲ့ ခပ်ကင်းကင်းနေခဲ့သလဲ။
+ စစ်အာဏာရှင်တွေနဲ့ ယုံကြည်မှုတည်ဆောက်ချင်ဇောနဲ့ ခပ်ကင်းကင်းနေခဲ့တယ်လို့ ကျနော် နားလည်ပေးတယ်။

- ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ‘အတိတ်ဆိုတာ နောက်ကြောင်းပြန် အပြစ်ယူဖို့မဟုတ်ဘူး’ လို့ ပြောခဲ့သလဲ။
+ စစ်အာဏာရှင်တွေနဲ့ ယုံကြည်မှုတည်ဆောက်ချင်ဇောနဲ့ ပြောခဲ့တယ်လို့ ကျနော် နားလည်ပေးတယ်။

- ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ‘ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ငွေစက္ကူ ပုံနှိပ်ထုတ်ဝေဖို့ထက် အရေးကြီးတဲ့အရာတွေ အများကြီးလုပ်ဖို့ ရှိသေးတယ်’ လို့ ပြောခဲ့သလဲ။
+ စစ်အာဏာရှင်တွေနဲ့ ယုံကြည်မှုတည်ဆောက်ချင်ဇောနဲ့ ပြောခဲ့တယ်လို့ ကျနော် နားလည်ပေးတယ်။

------------------------

- ဒေါ်အောင်ဆန်းစုကြည်အတွက် ကျနော် စိုးရိမ်တဲ့ အချက် (၃) ချက်ပဲ ရှိတယ်။

(၁) ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာရှင်တွေက ယုံကြည်မှုပိုပိုလာပြီး ပြည်သူတွေက တဖြေးဖြေး အယုံအကြည်မဲ့သွားမှာကို ကျနော် စိုးရိမ်တယ်။

(၂) စစ်မှန်တဲ့ အမျိုးသားပြည်လည်ရင်ကြားစေ့ရေး ဖြစ်မလာဘဲ စစ်အာဏာရှင်တွေ မငြိုငြင်အောင် သူတို့ရဲ့အကျိုးစီးပွားတွေကို အကာအကွယ်ပေးရင်း စစ်အုပ်စုရဲ့ထောင်ချောက်နွံထဲက ပြန်ရုန်းမထွက်နိုင်ဘဲ စစ်ခေါင်းဆောင်တွေနဲ့ အတွဲညီညီ မဲဆန္ဒရှင် ပြည်သူလူထုအပေါ် အာဏာရှင်ဆန်ဆန် ပိုပိုပြီး ပြုမူလာမှာကို ကျနော် စိုးရိမ်တယ်။

(၃) သမိုင်းမလှမပနဲ့ နိဂုံးကမ္ပတ် အဆုံးသတ်မှာကို ကျနော် စိုးရိမ်တယ်။

0 comments:

Post a Comment

KarenKweNewsGroup © 2008 Template by:
SkinCorner