KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောတာမလာဘော ရဲ့ ဈာပနအခမ်းအနား(ရုပ်သံ)
၂ဝ၁၄ ဇွန်လ (၂၆) ရက်နေ့က ကွယ်လွန်ခဲ့တဲ့ KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောတာမလာဘော (အသက် ၉၄ နှစ်) ရဲ့ ဈာပနအခမ်းအနားကို KNLA ဗဟိုဌာနချုပ် သေ့ဘေထာ့မှာ ဇွန်လ (၃ဝ) ရက်နေ့က ကျင်းပခဲ့တဲ့အကြောင်း မြန်မာဘာသာစာတန်းထိုး တင်ပြထားပါတယ်။No comments: KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စော တာမလာဘော ကွယ်လွန် We lost our Great Leader.... ဖူးဖူးရေ...ကရင့်အမျိုးသားအဖိနိုပ်ခံဘ၀မှလွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်ခဲ့သော အာဇာနည်များစွာထဲမှာ ဖူးဖူးဟာ အမျိုးသားလွတ်မြောက်ရေးအတွက် မူဝါဒခိုင်မာပြတ်သားသူ အာဇာနည်သူရဲကောင်းကြီးအဖြစ်မှတ်တမ်းဝင်ခဲ့ပါပြီ။ နိုင်ငံရေးအလည့်အပြောင်းတိုင်းမှာ ငြိမ်းချမ်းရေးသူရဲကောင်းမဖြစ်ခဲ့ပေမယ့် သမိုင်းတရားခံမဖြစ်ခဲ့ဘူး...ကရင့်သမိုင်းမှာ ခေါင်းဆောင်အချို့ ဟာ ငြိမ်းချမ်းရေးသူရဲ့ကောင်းဖြစ်ရန်ကြိုးစားကြရင်း သမိုင်းတရားခံတွေဖြစ်သွားကြပါတယ်။ စစ်ရေးနိုင်ငံရေးအမြင်ကြွယ်ဝသော ဖူးဖူးလို ခေါင်းဆောင်မျိုးကို ဆုံးရှုးတာဟာ ကျနော်တို့ ကရင့်တမျိုးသားလုံးအတွက် ကြီးမားတဲ့ဆုံးရှူံးမှုကြီးတစ်ခုပါပဲ။ တာပေမဲ့ ဖူးဖူးတစ်ယောက် ကောင်းကင်ဘုံ၌ အဖဘုရားရဲ့ရင်ခွင်မှာ ငြိမ်းချမ်းစွာ အိပ်ပျော်သွားလေပြီ....ထ၀ရငြိမ်းချမ်းရေးရလေပြီ....မပြီးဆုံးသေးတဲ့အမျိုးသားရေးခရီးတခုအတွက် ကျန်ရစ်သူများ ဆက်လက်တိုက်ပွဲဝင်ပါမည်ဟု ကတိပေးပါသည် ဖူးဖူး.... ဇော်ဝင်းလှိုင် 27.06.2014 KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောတာမလာဘော
0 comments:
Post a Comment