Wednesday, March 19, 2014

Malaysia Latest Air News 19/3/14

မလေးရှားလေယာဉ် ပျောက်ဆုံးခြင်း နောက်ကွယ်

မလေးရှားလေကြောင်းလိုင်းမှ ပျောက်ဆုံးနေ သော ဂျက်လေယာဉ်၏ လေယာဉ်မှူးတဦးက လေကြောင်း ထိန်းသိမ်းရေး စခန်းသို့ ပြဿနာ တစုံတရာ မရှိကြောင်း ပြောဆိုခြင်းမပြုမီ အချိန်ကတည်းက လေယာဉ်၏ အချက်ပြစနစ်တခုကို ပိတ်ထားခဲ့ပြီး ဖြစ်ကြောင်း မလေးရှား ထိပ်တန်းအရာရှိကြီးတဦးက မတ်လ ၁၆ ရက်
နေ့ တွင် ထုတ်ဖော် ပြောကြားလိုက်သည်။ 




 MH370 နောက်ဆုံး အခြေအနေပြ မြေပုံ
 

ပျောက်ဆုံးလေယာဉ်လို့ သံသယဖြစ်ဖွယ် ခရီးသည်လေယာဉ်ကို ထိုင်းရေဒါမှာ ခြေရာခံမိ

mh370-777
ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်လို့ သံသယဖြစ်ဖွယ် ခရီးသည်လေယာဉ်တစင်းကို ထိုင်းနိုင်ငံ ဆူရတ်ဌာနီ လေတပ်စခန်းရဲ့ ရေဒါမှာ ခြေရာခံမိထားတယ်လို့ ထိုင်းလေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာဂျင်းက ပြောတာကို ကိုးကားပြီး နေရှင်းသတင်းစာမှာ ဖော်ပြပါတယ်။

ရေဒါ အချက်အလက်အရ မလေးရှားနိုင်ငံ ကွာလာလမ်ပူကနေ ထွက်ခွာတဲ့ လေယာဉ်ဟာ လမ်းကြောင်းပြောင်းပြီး မလေးရှားနိုင်ငံ ဘူတာဝက်သ်ဆိပ်ကမ်းဘက်ကို ပြန်လှည့်သွားတယ်လို့ ဆိုပါတယ်။ လေယာဉ်ဟာ မလက္ကာရေလက်ကြားဘက်ကို ဆက်လက် ဦးတည်ပျံသန်းသွား ခဲ့တယ်လို့ ဆိုပါတယ်။

 ထိုင်းလေတပ်ရေဒါက ခြေရာခံမိတဲ့ လေယာဉ်လမ်းကြောင်းကို ကြည့်မယ်ဆိုရင် မလေးရှား ၀န်ကြီးချုပ် နာဂျစ်ရာဇတ်က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတဲ့ အချက်အလက်တွေကို ထပ်လောင်းအတည်ပြုလိုက်သလိုဖြစ်နေတယ်လို့ ထိုင်းလေတပ် ဦးစီးချုပ်က ပြောပါတယ်။

ဒါပေမယ့် ရေဒါက ခြေရာခံမိတဲ့ လေယာဉ်ဟာ ပျောက်ဆုံးနေတဲ့လေယာဉ်လို့ သေချာပေါက် မတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။ လောလောဆယ်မှာ ပျောက်ဆုံးနေတဲ့ လေယာဉ်ကို အာရှနိုင်ငံ အစိုးရတွေရဲ့အကူအညီနဲ့ ဆက်လက် ရှာဖွေနေပါတယ်။

ရှာဖွေရေးလုပ်နေတဲ့ နိုင်ငံတကာ ရေပိုင်နက်၊ ကုန်းမြေပြင်နယ်ပယ်ဟာ သြစတြေလျတိုက်တခုစာလောက် ကျယ်ဝန်းတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အခုအထိတော့ ရဲအဖွဲ့တွေနဲ့ ထောက်လှမ်းရေးအဖွဲ့တွေပါ ခိုင်မာတိကျတဲ့ သဲလွန်စကို မဖော်ထုတ်နိုင်သေးပါဘူး။

မတ် ၉ ရက်နေ့က ပျောက်ဆုံးသွားတဲ့ ဘိုးရင်း ၇၇၇ လေယာဉ်ပေါ်မှာ လူ ၂၃၉ ယောက် လိုက်ပါသွားခဲ့ပါတယ်။ လေယာဉ်ဝန်ထမ်း ၁၂ ယောက်နဲ့ ခရီးသည်အများစုက တရုတ်လူမျိုးတွေ ဖြစ်ပါတယ်။

မလေးရှားဝန်ကြီးချုပ်ကတော့ လေယာဉ်ကို မူလလမ်းကြောင်းကနေ သွေဖည် သွားအောင် တယောက်ယောက်က တမင်လမ်းကြောင်းပြောင်းခဲ့တာ သေချာသလောက်ပဲလို့ ပြောထားပါတယ်။
ထိုင်းလေတပ်ရဲ့ ရေဒါက ဖမ်းမိထားတဲ့ အချက်အလက်တွေကို မလေးရှားလေတပ်ကို လွှဲအပ်ပေးမယ်လို့ ထိုင်းလေတပ်ဦးစီးချုပ်က ပြောပါတယ်။

နဲနဲနုသေးတယ်လို့ပြောတယ်


အန်ကယ်နုပါသေးတယ်အန်ကယ်ရယ်.....အန်ကယ့်အဆင့်က
မုန့် ဟင်းခါးနဲ့  နွားနို့ ရောင်းတဲ့အဆင့်ပဲရှိတယ်....

0 comments:

Post a Comment

KarenKweNewsGroup © 2008 Template by:
SkinCorner