Friday, March 21, 2014

During 21st day Malaysia Air Condition 21/3/14

21 ရက်နေ့အတွက် လေယာဉ်သတင်းကိုတင်ပြရရင်တော့


“ ပိုင်းလော့ဟာ လေယာဉ်ခေါင်းခန်းအတွင်းပိုင်းကနေ လောယာဉ်မထွက်ခွာခင်မှာ ဖုန်းခေါ်ဆိုမှု တစ်ခုလုပ်ခဲ့တယ်ဆိုတဲ့အကြောင်း ”

Malaysiakini က တင်ဆက်ထားတာပါ ။ ပျောက်ဆုံးနေတဲ့ MH370 ကိုမောင်းနှင်သူ ပိုင်းလော့ဟာ လေယာဉ်မထွက်ခွာခင်မှာ အတွင်းခန်းထဲကနေ ခေါ်ဆိုမှု ( Call ) တစ်ခုလုပ်ခဲ့ပါတယ် ။ UK အခြေစိုက် The Sun ကဆိုတာကတော့ လေ့လာစုံစမ်းသူတွေဟာ ကပ္ပတိန် Zaharie Ahmad Shah အနေနဲ့ ကွာလာလန်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ် ( KLIA ) ကနေ မာ့ခ်ျလ ၈ ရက် မနက် ၁၂း၄၁ မိနစ်မှာ လေယာဉ်မထွက်ခွာခင်လေယာဉ်မောင်းတဲ့စက်ခန်းထဲကနေ ခေါ်ဆိုမှုတစ်ခုလုပ်ခဲ့တယ်လို့ဆိုပါတယ် ။ နောက်တစ်နာရီကြာမှာ ပျောက်ဆုံးသွားတဲ့လေယာဉ်အတွက် ဒီအချက်အလက်က အထောက်အကူပြူစေလိမ့်မယ်လို့ယုံကြည်ထားကြပါတယ် ။

မလေးရှားအစိုးရကတော့ ဒီစုံစမ်းတွေ့ရှိမှုအပေါ် တရားဝင်ဘာမှတ်ချက်မှမပေးခဲပပါဘူး ။ အခုဆိုရင် FBI ကနေပြီး လေယာဉ်မှူးရဲ့ လေယာဉ်မောင်းပျံသန်းလေ့ကျင့်စက်ကိုပါ စုံစမ်းလျှက်ရှိပြီး စက်ထဲကနေအဖျက်ခံထားရတဲ့ အချက်အလက်တွေကိုပြန်လည်ရယူဖို့လုပ်ဆောင်နေတယ်လို့သိရပါတယ် ။

http://www.malaysiakini.com/news/257739

===============================

နောက်သတင်းတစ်ခုကတော့ လေယာဉ်ပေါ်လိုက်ပါသွားတဲ့လူတွေရဲ့တရုတ်အမျိုးတွေက မျှော်လင့်ချက်ကို စွန့်ခွာဖို့အဆိုကို ငြင်းပယ်လိုက်ခြင်းဖြစ်ပါတယ်။ ဒီသတင်းဟာ သြစတေးလျ တာဝန်ရှိသူတွေက တောင်အိန္ဒိယ ပင်လယ်မှာ ဂြိုလ်တုက ဖမ်းယူရရှိတဲ့ အရာဝထ္ထု ၂ ခုကိုတွေ့ခဲ့ရကြောင်းကြေငြာပြီးတဲ့နောက်မှာဖြစ်ပေါ်ခဲ့တာပါ ။ ဒီကြေငြာချက်ကို Mr.Wen Wancheng က ငြင်းဆိုခဲ့တယ် သူကတော့ သူ့ရဲ့သားဟာ လေယာဉ်ပေါ်ပါသွားပြီးအခုထိအသက်ရှင်နေသေးတယ်လို့ယုံကြည်နေသူဖြစ်ပါတယ် ။

“ ကျွန်တော့်သားအသက်ရှင်နေသေးတယ်ကျွန်တော့်..သား ..အသက်ရှင်နေသေးတယ် ” လို့အသက် ၆၃ နှစ်အရွယ် Shandong ပြည်နယ်မှ Mr.Wen Wancheng ကပြောဆိုခဲ့ပါတယ် ။ “ ကျွန်တော်ဒီသတင်းတွေကို မယုံဘူး ” တဲ့ ။

Mr Zhao ကတော့ “ ကျွန်တော်တို့စောင့်နေပါတယ် စောင့်နေယုံ့ပါပဲ သေသေချာချာ confirm မဖြစ်သေးခင်အထိ ဘယ်သတင်းကိုမှ ကျွန်တော်တို့ မငြင်းပယ်နိုင်သလို တုံ့ပြန်မှုလည်းမလုပ်နိုင်သေးပါဘူး ” လို့ AFP ကိုပြောခဲ့ပါတယ် ။

http://www.straitstimes.com/the-big-story/missing-mas-plane/story/chinese-relatives-mh370-passengers-refuse-abandon-hope-2014032

===========================

နောက်သတင်းတစ်ခုကတော့ The Star Online ကတင်ဆက်ထားတဲ့သတင်းပါ ။ Raja Dalelah ဆိုသူက လေယာဉ်ပျက်ကို အက်ဒမန်ကျွန်းစုတွေနားတွေ့ခဲ့တယ်လို့သူယုံကြည်တယ်လို့ဆိုတယ် ။ မာ့ခ်ျလ ၈ ရက်နေ့တုန်းက ဂျာဟွာအိမ်ထောင်ရှင်မတစ်ဦးဟာ မက္ကာကနေ ကွာလာလန်ပူကိုပြန်လာတဲ့အခိုက် အက်ဒမန်ကျွန်းစုတွေနားမှာ ရေပေါ်တစ်ဝက်တစ်ပျက်မြုပ်နေတဲ့ မလေးရှားလေယာဉ်ကို တွေ့ခဲံ၇တယ်လို့ ထွက်ဆိုလိုက်ပြန်ပါပြီ ။ သူမကတော့အသက် ၅၃ နှစ်အရွယ် အိမ်ထောင်ရှင်မတစ်ဦးဖြစ်ပြီး မနက် ၃ နာရီခွဲ ( ဆော်ဒီအချိန် ) မှာ လေယာဉ်အမှတ် SV2058 ကိုစီးနင်းခဲ့သူဖြစ်ပါတယ် ။ “ အဲဒါလေယာဉ်တစ်စင်းပါပဲ ” လို့ သူမကပြောခဲ့တယ် ။ လေယာဉ်ခရီးစဉ်တလျှောက်လုံးသူမ ကမအိပ်ပဲ ပြတင်းပေါက်တွေကိုငေးပြီးလိုက်ခဲ့တယ်လို့ဆိုတယ် ။ လေယာဉ်ဟာ အက်ဒမန်ကျွန်းစုတွေအပေါ်က ဖြတ်သွားချိန်မှာ ရေထဲနစ်မြုပ်နေတဲ့မလေးရှားလေယဉ်ကို သူမတွေ့ခဲ့တာလို့ ပြောခဲ့ပါတယ် ။

“ ရေပေါ်ကအရာကိုမြင်မြင်ချင်းမှာ ကျမနီးအောင်ပြတင်းတံခါးနောက်တိုးသွားပြီးကြည့်တယ်အဲဒီမှာ ရုတ်တရက်လန့်သွားတာက အဲဒါဟာ လေယဉ်အမြီးနဲ့တူနေပါတယ် တောင်ပံနှစ်ဖကက်တော့ရေထဲမှာ ရှိနေတုန်းပါပဲ ” လို့ဆိုပါတယ် ။ အဲဒီအကြောင်းသူငယ်ချင်းတွေကိုနှိုးပြီးပြောတော့သူတို့ကတောင်ကျွန်မကို ရီကြသေးတယ် ။

လေယာဉ်ပိုင်းလော့တစ်ဦးကတော့ “ အကြမ်းဖျဉ်းတွက်မယ်ဆိုရင် ပင်လယ်ရေမျက်နှာပြင်အထက် ၇ မိုင်အကွာက်နေ ပျံသန်းနေတာပါ လူတစ်ယောက်က ဒီလောက်အမြင့်ကြီးနေ မြင်နိုင်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား ” လို့ မေးခွန်းထုတ်ခဲ့တယ် ။

“ ကျွန်မမြင်ခဲ့တာ ကျွန်မသိတယ် ယုံကြည်တယ် အဲဒါလေယာဉ်ပဲ ကျွန်မမလိမ်ဘူး ကျွန်မ ဘုရားသွားဖူးပြီးပြန်လာတာပါ ” တဲ့ ။

0 comments:

Post a Comment

KarenKweNewsGroup © 2008 Template by:
SkinCorner