Wednesday, July 6, 2016

Specials News 06/07/2016

God bless you forever

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ချီးကျူးဂုဏ်ပြုခံရသူ မနော်ဒါးခူ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ချီးကျူးဂုဏ်ပြုခံရသူ မနော်ဒါးခူကို တွေ့ရစဉ်။ Photo: မနော်ဒါးခူ
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇွန်လအတွက် ချီးကျူးဂုဏ်ပြု ထိုက်သူအဖြစ် မွေးရာပါ လက်နှစ်ဖက်မပါပေမယ့် ခြေထောက်နဲ့ စာရေးပြီး ဒီနှစ် ဆယ်တန်း စာမေးပွဲကို အောင်မြင်ခဲ့တဲ့ ကယားပြည်နယ် လွိုင်ကော်က မနော်ဒါးခူကို ရွေးချယ်လိုက်ပါတယ်။
Karen Languages


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဂုဏ်ပြုတဲ့အတွက် မိမိ အနေနဲ့ ၀မ်းသာကြောင်းနဲ့ ပညာမတတ်တဲ့ သက်ကြီးရွယ်အိုတွေနဲ့ ပညာမသင်နိုင်တဲ့ ကလေးတွေကို စာသင်ပေးနိုင်အောင် ကြိုးစားသွားမယ်လို့ မနော်ဒါးခူ က ပြောပါတယ်။

မနော်ဒါးခူဟာ ကယားပြည်နယ် လွိုင်ကော်မြို့နယ်က ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှာ နေထိုင်သူဖြစ်ပြီး ဖခင်ဖြစ်သူဟာ အမှတ် ၅၄ ခြေလျင်တပ်ရင်းက တပ်ကြပ်တစ်ဦးဖြစ်ပါတယ်။ ဆယ်တန်းစာမေးပွဲကို ၂ ကြိမ် ကျရှုံးခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှာ အောင်မြင်ခဲ့တာဖြစ်ပါတယ်။

Cosentino ဆိုတဲ့ မျက်လှည့်ပညာရှင်ရဲ့ မျက်လှည့်ပြကွက်

0 comments:

Post a Comment

KarenKweNewsGroup © 2008 Template by:
SkinCorner