Thursday, June 23, 2016

Aung Sang Su Kyi arrived in Thailand 23/6/2016

God bless you forever

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့ ရောက်ရှိ

23 June 2016 16:24(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က)



နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် ၁၁း၄၅ နာရီ တွင် ရောက်ရှိခဲ့ပါသည်။
လေဆိပ်တွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဆောင်သည့်တာဝန်ရှိသူများ၊ သံရုံးမိသားစုဝင်များ ၊ ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူများက ပန်းကုံးဆက်ခြင်း ၊ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခြင်းတို့ ပြုလုပ်ခဲ့ပါသည်။



ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ၀င်ခွင့်ရသူတွေနဲ့ မရသူ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မဟာချိုင်မြို့ ထလေထိုင်းမှာ ဒီကနေ့ စက်ရုံတစ်ချို့က စီစဉ်တဲ့ အလုပ်သမားအနည်းငယ်နဲ့သာ တွေ့ခွင့်ရခဲ့ပြီး မိုးရွာထဲမှာ စောင့်နေခဲ့ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားအများစု နဲ့ စကားပြောခွင့် မရခဲ့ပါဘူး။


ဒေါ်အောင်ဆန်းစုကြည်ဟာ ထလေထိုင်းကို ညနေ ၄ နာရီခွဲလောက်မှာ ရောက်ရှိခဲ့တာဖြစ်ပြီး သောင်းဂဏန်းလောက်ရှိမယ့် အလုပ်သမားတွေက လုံခြုံရေးအတားအဆီးတွေကို ဖယ်ရှားပြီး ခန်းမအပြင် မိုးရွာထဲမှာ စောင့်နေခဲ့ကြတာ ဖြစ်ပါတယ်။


အလုပ်သမားအများစုဟာ မနက်ကတည်းက တွေ့ခွင့်ရဖို့ စောင့်မျှော်ခဲ့ကြတာ ဖြစ်ပြီး အများစုက သူတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေ သက်တမ်းတိုးရာမှာ မဟာချိုင်မှာပဲတိုးခွင့်ရရေး ၊ ထိုင်းအစိုးရက ထုတ်ပြန်ထားတဲ့ အလုပ်သမားဥပဒေတွေကို ထိုင်း အလုပ်ရှင်တွေက လိုက်နာရေး စတဲ့ ကိစ္စတွေကို တင်ပြမယ်လို့ မျှော်လင့်ခဲ့ကြတာ ဖြစ်ပါတယ်။

မူလက အလုပ်သမား ၅၀၀ နဲ့ တွေ့မယ်လို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ အဲဒီကိစ္စကိုလည်း အများစုက လက်မခံကြပါဘူး။ အဲဒီ ၅၀၀ဟာ အလုပ်ရှင်တွေက ရွေးချယ်စေလွှတ်သူတွေသာ ဖြစ်တယ်လို့ ၀င်ခွင့်မရတဲ့အလုပ်သမားတွေက ပြောပါတယ်။

Trial Japan Super Step Step Step



■နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ (ငြိမ်း) ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင် ခရီးထွက်ခွာ ■ ယင်းနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြန်မာသံရုံးသို့ သွားရောက်ပြီး မြန်မာသံရုံး/ စစ်သံရုံးတို့မှ ၀န်ထမ်းများနှင့်တွေ့ဆုံခြင်း၊ ရုံးအဆောက်အဦသစ်အား ကြည့်ရှုစစ်ဆေးခြင်းတို့ပြုလုပ်ခဲ့ပါသည်။

0 comments:

Post a Comment

KarenKweNewsGroup © 2008 Template by:
SkinCorner