God bless you always
အိန္ဒိယတွင် အသက် ၇၀ ကျော်အရွယ် မိခင်မှ ပထမဆုံး သားလေး မွေးဖွား
12 May 2016 18:21(+0630) (38 မိနစ် ခန့်က)
She give birth when she was 70 years old in India Country
![]() |
အသက် ၇၉ နှစ်အရွယ် မိုဟင်ဒါဆင်း ဂီးလ်နှင့် အသက် ၇၀ နှစ်ကျော်အရွယ်ရှိ ဒယ်လ်ဂျင်ဒါခိုရ်တို့ သားငယ် အာမန်နှင့်အတူ တွေ့ရစဉ် (ဆင်ဟွာ) |
အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ် အမ်ရစ်ဆာမြို့တွင် နေထိုင်သည့် အသက် ၇၉ နှစ်အရွယ် မိုဟင်ဒါဆင်း ဂီးလ်နှင့် အသက် ၇၀ နှစ်ကျော်အရွယ်ရှိ ဒယ်လ်ဂျင်ဒါခိုရ်တို့သည် ၎င်းတို့ တောင့်တခဲ့သည့် ကိုယ်ပိုင်ရင်သွေးအား ပြီးခဲ့ သည့်လကမှ ရရှိခဲ့သလို တစ်လသားအရွယ် သားဦးလေးအား ချီပိုးထားသည့် မိသားစုဓာတ်ပုံမှာလည်း သတင်း မီဒီယာ စာမျက်နှာများပေါ်၌ ရေပန်းစားလာခဲ့သည်။
ထိုဇနီးမောင်နှံမှာ လွန်ခဲ့သော နှစ်နှစ်ခန့်က ဖန်ပြွန် သန္ဓေနည်း (IVF) ဖြင့် ကလေးရယူရန် ကြိုးစားခဲ့ပြီးနောက် လွန်ခဲ့သည့်လကမှ အာမန် (Arman) အမည်ပေးထားသော ပထမဆုံးသားဦးအား နိုင်ငံမြောက်ပိုင်းရှိ Haryana ပြည်နယ်ရှိ Fertility ဆေးခန်းတစ်ခု၌ မွေးဖွားခဲ့သည်။
ကရင့် လက်နက်ကိုင် အဖွဲ့တွေကို လမ်း ၁၅ လမ်း ဖောက်လုပ်ခွင့် ပေး
BMW နှစ် ၁ဝဝ ပြည့် အလန်းစား ကားေ
0 comments:
Post a Comment