Wednesday, March 9, 2016

General News 10/03/2016

God will take care of you and safe

Draught in Magway 



သိန်းစိန်မဆင်းခင် ပုဒ်မ၁၈တွေနဲ့ ထောင်ထဲတန်းစီဝင်နေရပြီ

နေကျက်ပြီး ၃ ရက်အတွင်း သမ္မတရွေးခြင်းကို ရှောင်ရှားသင့်ဟု ဦးဇေယျာကို ဟောကိန်းထုတ်

9 March 2016 11:30(+0630) (၁ ရက် ခန့်က)

Sein Si Thaw Nya - Diamonds Studded Night


နေကျက်ခြင်း ဖြစ်စဉ်အပြီး ၃ ရက်အတွင်းသမ္မတရွေးချယ်ခြင်း လုပ်ငန်းကိုရှောင်ရှားသင့်ဟုနက္ခတ်ဗေဒပညာရှင် ဦးဇေယျာကိုက China.comမှ တစ်ဆင့် ဟောကိန်းထုတ် ပြောကြားခဲ့သည်။

ယနေ့ နံနက် မြန်မာစံတော်ချိန် ၆ နာရီ ၄၉ မိနစ်မှ ၇ နာရီ ၄၉ မိနစ်အတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော နေတစ်ပိုင်းကြတ်ခြင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အထက်ပါအတိုင်း ဟောကိန်းထုတ်ခဲ့ခြင်းဖြစ်သည်။
'' ကျမ်းဂန်တွေ အဆိုအရတော့ နေကျက်ပြီး သုံးရက်အတွင်းမှာ မင်္ဂလာကိစ္စတွေ မဆောင်ရွက်သင့်ဘူးလို့ ပြထားတယ်။ ဒီလိုကိစ္စမျိုးတွေက ရှောင်လို့ရရင် ရှောင့်သင့်တယ်။ ရှေ့မှာ အစဉ်အဆက် အုပ်ချုပ်ခဲ့တဲ့ အစိုးရတွေက ဒီလိုအခြေအနေမျိုးတွေကို ရှောင်ရှားပြီး သူတို့အတွက် အကောင်းဆုံး ဖြစ်နိုင်မယ့် ကာလတွေမှာ သမ္မတရွေးတာတို့ တာဝန်ထမ်းဆောင်တာတို့ ဆောင်ရွက်ခဲ့တာတွေ့ရတယ်''ဟု ဦးဇေယျာကိုကပြောသည်။


မြန်မာသမိုင်း၌ နေကျက်ပြီးနောက်တစ်ရက်တွင် သမ္မတ ရွေးချယ်ခြင်းသည် အစဉ်အလာအရ တစ်ကြိမ်တစ်ခါမှ မတွေ့ရှိခဲ့သဖြင့် ကျမ်းဂန်၏ အဆိုအမိန့်များ မည်မျှမှန်ကန်မည်ကို သုတေသနအနေဖြင့် စောင့်ကြည့်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

လွှတ်တော်တွင် အစိုးရသစ်အတွက် ယနေ့ နေကျက်ခြင်း ဖြစ်စဉ်အပြီး နောက်တစ်ရက်ဖြစ်သည့် မတ်လ ၁၀ ရက်နေ့တွင် ဒုတိယသမ္မတလောင်းများကို ရွေးချယ်စီစစ်ပြီး မတ် ၁၄ ရက်တွင် အမည်စာရင်းတင်သွင်းကာ မတ် ၁၆ ရက်နေ့တွင် သမ္မတရွေးချယ် တင်မြှောက်သွားမည် ဖြစ်သည်။

0 comments:

Post a Comment

KarenKweNewsGroup © 2008 Template by:
SkinCorner