God be with you forever
Karen Language
“တပ်မတော်လေ့ကျင့်ရေးလေယာဉ်ပျက်ကျမှု ဒဏ်ရာရကျန်ရစ်သူ ဆေးရုံ၌ကွယ်လွန်”
အသက်ရှင်လျက်ကျန်ရှိသူ ဒုတပ်ကြပ် တစ်ဦးအား တပ်မတော်စစ်ဆေးရုံသို့ ပို့ဆောင်ကုသလျက် ရှိကြောင်းနှင့် မီးလောင်နေသည့် လေယာဉ်အား မီးသတ်ယာဉ်(၃)စီးဖြင့် မီးငြိမ်းသတ်ခဲ့ကြောင်း ကနဦးသတင်းရရှိသည်။
(လေ)မှ လေကျင့်ရေး လေယာဉ် ပျက်ကျခဲ့မှုဖြစ်စဉ်တွင် မသေဆုံးဘဲကျန်ရစ်သူ တဦးသည်လည်း ဆေးရုံတွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။ အဆိုပါ လေယာဉ်ပျက်ကျမှုကြောင့် ၄ ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့သည်
အဆိုပါလေယာဉ်မှာ နေပြည်တော် လယ်ဝေးလေယာဉ်ကွင်းမှ မြောက်ဘက်သို့ထောင်တက်စဉ် အင်ဂျင်စက်ချို့ယွင်းမှု တစုံတရာ ဖြစ်နိုင်ခြေရှိသည့်အတွက် အောက်သို့ပြန်ဆင်းရန် ယင်းလေယာဉ် ၏တာဝန်ရှိသူ အရာရှိက မြေပြင်မှ အမိန့်ပေးခဲ့၍ ထိုသို့ အောက်သို့ ပြန်လည်ဆင်းသက်စဉ် ပျက်ကျခဲ့သည်ဟု အခင်းဖြစ်စဉ်သို့ လာရောက်သော တပ်မတော်လေမှ အရာရှိတစ်ဦးက ပြောသည်။
အာဏာပိုင်တွေကတော့ ၁၅ မိနစ် လောက်မှာရောက်လာကြတယ်၊ သူတို့ကတော့ ရွာဘက်ကို ကျမှာစိုးလို့ အပြင်ဘက်ကို အတောင်စောင်းပြီး လှည့် ဆင်းခဲ့တဲ့သဘောရှိတယ်” ဟု ၎င်းကပြောသည်။
လက်ရှိအချိန် ၁၂ နာရီ အချိန်အထိ သက်ဆိုင်ရာများဘက်မှ ထို ဖြစ်စဉ်အပေါ် သတင်းထုတ်ပြန်မှု သတင်းအတည်ပြုမှု တစ်စုံ တရာ မရှိပဲ ဆိတ်ငြိမ်နေ ဆဲဖြစ်သည်။
0 comments:
Post a Comment