Monday, January 4, 2016

Independence Day celebration in 04/01/2015

God be with you forever



Kawyo Ethnic group


ဝန်ကြီးနေရာတောင်းသူများကို ပါတီစည်းမျဉ်းစည်းကမ်းအရ အရေးယူမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား


ဝန်ကြီးနေရာအတွက် စာရေးပြီး ထပ်မံတောင်းဆိုသူများကို ပါတီစည်းမျဉ်း စည်းကမ်းအရ အရေးယူမည်ဟု NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

(၆၈) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် ၀န်ကြီးနေရာတောင်းသူများကိစ္စထည့်သွင်းပြောကြား ခဲ့သည်။

`မပြောဘဲ မနေနိုင်လို့ ပြောရဦးမယ်။ ၀န်ကြီးလုပ်ချင်တဲ့လူတွေ တော်တော် ကျွန်မ မကြိုက်ဘူး။ ၀န်ကြီးလုပ်တယ်ဆိုတာ မတတ်သာလို့ တာဝန်ပေးလို့ လုပ်ရတာ။ နောက်တခေါက် ၀န်ကြီးဖြစ်ချင်လို့ စာရေးပြီးတော့ တောင်းတဲ့လူ တွေကို စည်းမျဉ်းစည်းကမ်းအရ အရေးယူမယ်ဆိုတာ ခပ်ပြတ်ပြတ်ပဲ ဒီနေရာကနေ အခုပြောလိုက်မယ်။

ဝန်ကြီးဆိုတဲ့နေရာကိုအလုပ်လုပ်နိုင်တဲ့လူတွေကိုပေးမှာ။ နိုင်ငံ့အကျိုးပြုနိုင်တဲ့လူတွေကို ကျွန်မတို့ ပေးမှာ။ အဖွဲ့ချုပ် အဖွဲ့ဝင်မို့လို့ဆိုပြီးတော့ ပေးမှာ မဟုတ်ပါဘူးဆိုတာ အခုကတည်းက နားလည်ပါ `ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

(၆၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၄ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ NLD ဌာနချုပ်တွင် ကျင်းပခဲ့ရာ နာယက ဦးတင်ဦးနှင့် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့က မိန့်ခွန်းပြောကြားခဲ့သည်။celebration in Yangon and Naypyidaw

0 comments:

Post a Comment

KarenKweNewsGroup © 2008 Template by:
SkinCorner