Saturday, December 19, 2015

General News 19/12/2015

God bless you all


တရုတ်-မြန်မာ နယ်စပ်မှတဆင့် အိုင်အက်စ် အကြမ်းဖက်သမား ၁၁ ယောက် မြန်မာပြည်ထဲဝင်လာနိုင်သည် ဆိုသော သတင်းများကြောင့် ရန်ကုန်မြို့အတွင်း လုံခြုံရေးတင်းကြပ်စွာချထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးတင်အောင်ထွန်းက News Watch ဂျာနယ်သို့ ပြောသည်။

''အဲဒီ သတင်းနဲ့ပတ်သတ်ပြီး ရထားဘူတာ၊ သင်္ဘောဆိပ်၊ ကားဂိတ်၊ လေဆိပ်စတဲ့ ရန်ကုန်မြို့ထဲ ၀င်လာတဲ့ လမ်းကြောင်းအကုန်လုံးကို လုံခြုံရေးတင်းတင်းကြပ်ကြပ်ချထားဆောင်ရွက်နေပါတယ်။ တရုတ်ပြည်က ပြေးစရာကလည်း အများကြီးပဲလေ၊ သို့သော်လည်း သတင်းဆိုတာ အင်တာနက် အွန်လိုင်းကရတာပဲ ဖြစ်ဖြစ်၊ ဆက်သွယ်ရေးစနစ်ကရတာပဲ ဖြစ်ဖြစ်၊ တယ်လီဖုန်းကရတာပဲ ဖြစ်ဖြစ်၊ အထက်ဌာနက ချပြတာပဲ ဖြစ်ဖြစ်၊ အောက်က ဥပမာ ကျွန်တော်တို့ရပ်ကွက်တွေထဲက သတင်းပေးတာပဲ ဖြစ်ဖြစ် သတင်းမှန်သမျှ မှားသည် ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ လုံခြုံရေးနဲ့ပတ်သတ်ပြီးတော့ အမြဲတမ်းသတိထားပြီး စောင့်ကြည့်နေပါတယ်။ လုံခြုံရေးဆိုတာ ပိုတယ်မရှိပါဘူး'' ဟု ၀န်ကြီးက ဆိုသည်။
US Air Force F 15 Aircraft arrive in Turkey



တရုတ်-မြန်မာနယ်စပ်တလျှောက်တွင် နှစ်နိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့များ ပူးပေါင်း၍ လုံခြုံရေးတိုးမြှင့် ဆောင်ရွက်နေသည့်အပြင် ရန်ကုန်မြို့အတွင်းသို့ အကြမ်းဖက်သမားများ ၀င်ရောက်နိုင်သည့် ၀င်ပေါက်များ အားလုံးတွင် လုံခြုံရေးအား တင်းတင်းကြပ်ကြပ်ချထားကြောင်း ၀န်ကြီးက ဆိုသည်။
''လုံခြုံရေးကို ၂၄ နာရီပါပဲ၊ လှည့်ကင်း၊ ပတ်ကင်း အကုန်လုံးနဂိုအတိုင်းပဲ ဆောင်ရွက်နေပါတယ်။ ဒီအကြမ်းဖက် သတင်းနဲ့ပတ်သက်ပြီး ဖြစ်နိုင်မဖြစ်နိုင်ဆိုတာ ပြောလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ သတင်းဆိုတာ မှန်တာမှားတာ ဘာမှ အတည်ပြုပေးလို့လဲမရဘူး။ ကျွန်တော်တို့ကိုလည်း ညွှန်ကြားထားတာလည်း မရှိဘူး။ သို့သော်လည်း လုံခြုံရေးနဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးပိုင်းကတော့ တည်းခိုခန်း တွေ နောက်ပြီးတော့ ရပ်ကွက်ထဲမှာ လာတည်းတဲ့ သူစိမ်းတွေ ဒါတွေအကုန်လုံးနဲ့ ပတ်သက်ပြီးတော့ ထူးခြား မှုရှိရင် မသင်္ကာတာရှိရင် အချိန်မရွေး ကျွန်တော်တို့ကို ဆက်သွယ်သတင်းပို့ဖို့အားလုံးကို မှာထားပါတယ်''ဟု နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေးအား ရွေးကောက်ပွဲအလွန်ကာလ လုံခြုံရေး စီမံချက်အတိုင်း တင်းတင်းကြပ်ကြပ်ဆောင်ရွက်လျက်ရှိကြောင်း နယ်/လုံ ၀န်ကြီးက ဆိုသည်။

0 comments:

Post a Comment

KarenKweNewsGroup © 2008 Template by:
SkinCorner