Thursday, October 15, 2015

Nationwide Ceasefire Agreement Signing Ceremony in Naypyidaw 15/10/2015

God be with you always

နေပြည်တော်မှာ အောက်တိုဘာလ ၁၅ ရက်နေ့က အစိုးရ၊ စစ်တပ်နဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေကြား ပြည်လုံးကျွတ် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ကြတာကို ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က ကြိုဆိုလိုက်ပါတယ်။ ဒါဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ် ခိုင်မာရေး အတွက် အရေးကြီးတဲ့ ခြေလှမ်းတရပ် ဖြစ်တယ်လို့ ဆိုပါတယ်။
အဖွဲ့အားလုံး မပါဝင်သေးပေမယ့် ဒီသဘောတူညီချက်ဟာ အစိုးရခေါင်းဆောင်တွေ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ မြန်မာပြည်သူတို့ရဲ့ ငြိမ်းချမ်းစွာ အတူနေထိုင် လိုသော ဆန္ဒကို ထင်ဟပ်နေတယ်လို့လည်း ဆိုပါတယ်။ ဆယ်စုနှစ် များစွာ ဖြစ်ပွါး လာခဲ့တဲ့ ပြည်တွင်းစစ် အလွန် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းကို ဖွင့်လှစ်လိုက်တာဖြစ်တယ်လို့လည်း ကုလသမဂ္ဂက အသိမှတ်ပြုကြောင်း ဖေါ်ပြ ထားပါတယ်။

အင်အားမသုံးဘဲ ညှိနှိုင်းအဖြေရှာဖို့ ကေအန်ယူ တိုက်တွန်း

လက်မှတ်ရေးထိုးပြီးနောက် ဆက်လုပ်ရမည့် ကိစ္စများကို ကတိတည်ရန်.

0 comments:

Post a Comment

KarenKweNewsGroup © 2008 Template by:
SkinCorner