Monday, October 12, 2015

General News 13/10/2015

God bless you always
Karen Language TV Program, 2015 October 1st Week

မတရားအသင်းမှ ပယ်ဖျက်ခြင်း။ (ဓာတ်ပုံ - MOI)
မတရားအသင်းမှ ပယ်ဖျက်ခြင်း။ (ဓာတ်ပုံ - MOI)

စစ်ဗိုလ်ချုပ်ဟောင်းတွေ မဲဆွယ်စည်းရုံးတာ ပြည်သူလူထု ထောက်ခံမှု ရနိုင်မလား

ပြောရရင် ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင် အမတ်လောင်း စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ မဲဆွယ် စည်းရုံးမှုနဲ့ ပတ်သက်ပြီး ကျွမ်းကျင်မှု ရှိကြပုံ မပေါ်ပါဘူး။
ကြံခိုင်ဖွံဖြိုးရေးပါတီရဲ့ မဲဆွယ်စည်းရုံးလှုပ်ရှားမှု
ကြံခိုင်ဖွံဖြိုးရေးပါတီရဲ့ မဲဆွယ်စည်းရုံးလှုပ်ရှားမှု

လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ မတရားသင်းအဖြစ်က ပယ်ဖျက်

အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တောင်ပိုင်း တပ်မတော် RCSS/SSA တို့ကို မြန်မာ အစိုးရက မတရားအသင်း အဖြစ်ကနေ ပယ်ဖျက်ပေးလိုက်ပါတယ်။
မြန်မာအစိုးရကို ဆယ်စုနှစ် ၆ ခုကျော်ကြာ လက်နက်ကိုင်တိုက်ခိုက်လာခဲ့တဲ့ သက်တမ်းအရှည်ဆုံး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) ကို မတရားအသင်းကနေ ပယ်ဖျက်ပေးတဲ့အကြောင်း ဒီကနေ့မှာပဲ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို လက်မှတ်ရေးထိုး ကြေညာလိုက်ပါတယ်။ ၁၉၈၈ ခုနှစ် ကျောင်းသားလှုပ်ရှားမှုကနေ ပေါ်ပေါက်လာတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ ရှမ်းပြည်တောင်ပိုင်း တပ်မတော် RCSS/SSA တို့ကိုလည်း အကြမ်းသမားများ အဖြစ်ကနေရော မတရားအသင်းအဖြစ်ကနေပါ မြန်မာ အစိုးရက ပယ်ဖျက်ပေးလိုက်ပါတယ်။

0 comments:

Post a Comment

KarenKweNewsGroup © 2008 Template by:
SkinCorner