God take care of you always
အစ္စရေး- မြန်မာ စစ်ရေးပူးပေါင်းဆောင်ရွက်မည်
အစ္စရေးနိုင်ငံတွင်
ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်သည် မနေ့က အစ္စရေးတပ်မတော် ကာကွယ်ရေးဦးစီးချုပ် Lieutenant
General Gadi Eitenkot နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံ ဒေသတွင်း အခြေအနေ၊
တပ်မတော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ တပ်မတော်
ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန် စေလွှတ်ရေးနှင့်
တပ်မတော်နှစ်ရပ် သင်တန်းသားများ အပြန်အလှန်စေလွှတ်ရေးကိစ္စရပ်များ
ဆွေးနွေးကြောင်း အစိုးရသတင်းတွင်ဖော်ပြထားသည်။ရွေးကောက်ပွဲနိုင်တဲ့အခါ Failed Law ကိစ္စ ပြင်မယ်လို့ ဘယ်သူပြောလဲ
ဝယ်ယူထားသည့် FAC Super Dvora MK3အမျိုးအစား
ကမ်းရိုးတန်း ကင်းလှည့်ရေယာဉ်များကို သွားရောက်ကြည့်ရှုခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာ့ရေတပ်အတွက် အစ္စရေးလုပ် ကင်းလှည့်ရေယာဉ်များ ၀ယ်ယူ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ FAC Super Dvora MK3 အမျိုးအစား ကင်းလှည့်ရေယာဉ်ကို လေ့လာကြည့်ရှုနေစဉ် (ဓာတ်ပုံ – MOI)
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ FAC Super Dvora MK3 ရေယာဉ်ကို စီးနင်းကာ လေ့လာခဲ့တာဖြစ်တယ် လို့ ဗိုလ်ချုပ်မှူးကြီးရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။
အစ္စရေးခရီးစဉ်ကို ပြီးခဲ့တဲ့ စနေနေ့က စတင်ခဲ့တာဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ် မောင်မောင် အေး၊ စစ်ဦးစီးအရာရှိချုပ် (ရေ)ဗိုလ်မှူးချုပ်မိုးအောင်၊ စစ်ဦးစီးအရာရှိချုပ် (လေ) ဗိုလ်မှူးချုပ် မောင်မောင်ကျော်၊ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ် နှင့် တပ်မတော်အရာရှိကြီးများ လည်း လိုက်ပါခဲ့ပါတယ်။

0 comments:
Post a Comment