Sunday, September 13, 2015

General News and Song 14/9/2015

ထိတ်လန့် တုန်လှုပ်ဖွယ်ရာ ကလေးသူငယ် ရာဇ၀တ်မှု

လူသတ်မှုအတွက် စွပ်စွဲခံထားရတဲ့ကလေးငယ် ဓါတ်ပုံ- ကျော်စွာမြင့် ဖေ့စ်ဘွတ်ခ်
 မြန်မာနိုင်ငံအတွက် အရေးကြီးတယ်လို့ သတ်မှတ်ထားကြတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေကြချိန်၊ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ငြိမ်းချမ်းရေး အတွက် အရေးကြီးခြေလှမ်းဖြစ်တဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ် လက်မှတ်ထိုးကြဖို့ နီးကပ်ချိန်မှာ ထွက်ပေါ်လာတဲ့ ထိတ်လန့် တုန်လှုပ်ဖို့ ကောင်းတဲ့ မှုခင်းသတင်း တစ်ပုဒ်ကတော့ အသက် ၁၂ နှစ်နဲ့ ၈ နှစ် အရွယ်ပဲ ရှိသေးတဲ့ ကလေးနှစ်ယောက်က ၄ နှစ်အရွယ် မိန်းကလေးငယ်ကို သတ်ပြီး ရွှေနားကွင်း လုယက်ခဲ့တယ်ဆိုတဲ့ သတင်းပါ။ တိုင်းရေးပြည်ရေး ပြသနာတွေ အရေးကြီးနေချိန် ဒီ သတင်းကလည်း အတော်လေးကို စိတ်မချမ်းမြေ့စရာ ကောင်းပါတယ်။ အသက်အရွယ် ငယ်သေးတဲ့ အဲဒီ ကလေးငယ်တွေ ဘာကြောင့် ခုလို အလွန်ရက်စက်တဲ့ ရာဇ၀တ်မှု ကျူးလွန်ရတာလဲ၊ ဒါဟာ မြန်မာ့ လူ့အဖွဲ့အစည်းအတွက် ဘယ်လို အဓိပ္ပါယ် ကောက်ယူနိုင်သလဲ၊ ဒီလို မှုခင်းမျိုးတွေ မဖြစ်ပေါ်အောင် ကြိုတင်ကာကွယ် တားဆီးတာမျိုး မလုပ်သင့်ဘူးလား ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

မှုခင်းဖြစ်စဉ်ကတော့ အတော်လေးကို စိတ်မချမ်းမြေ့စရာပါ။ ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်၊ ချောင်းကြီးနယ်မြေ၊ တကွေ့ကျေးရွာ ကျောင်းလမ်းမှာ နေထိုင်ပြီး မူလတန်းကြိုကျောင်း တက်နေတဲ့ အသက်(၄) နှစ်အရွယ် ကလေးမလေးဟာ သူ့နေအိမ်နားက ကိုးန၀င်းဘုရားဝင်းမှာ ဆော့ကစားနေတယ် လို့ ဆိုပါတယ်။ karenUnitedWithOtherEthnicNationals အဲဒီအချိန် တစ်ရွာတည်းနေ သုံးတန်းကျောင်းသား မောင်တက်တိုးအောင်နဲ့ တစ်တန်းကျောင်းသား မောင်ဂျိုးဂျိုးတို့ နှစ်ယောက်က ကလေးမလေးကို ကြာပန်းတွေ ခူးပေးမယ် ဆိုပြီး ဘုရားအနောက်ဘက် တောစပ်ကို လိမ်လည် ခေါ်သွားတယ်လို့ ရဲစခန်း အစစ်ခံချက်အရ သိရပါတယ်။ တောစပ်ကို အရောက်မှာ ကလေးမလေး ၀တ်ထားတဲ့ နားကပ်ကို ချွတ်ယူတာ မပေးဘူး အော်နေတဲ့အတွက် ကလေးမလေးကို ၀ိုင်းရိုက်နှက်ပြီး တောစပ်ရေအိုင်ထဲ ရေနှစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

0 comments:

Post a Comment

KarenKweNewsGroup © 2008 Template by:
SkinCorner