Monday, September 21, 2015

General News 22/9/2015

God bless you always



ထိပ်သီး ညှိနှိုင်းချိန်တွင်း နှုတ်မိန့်ဖြင့် တိုက်ပွဲ ထိန်းချုပ်ရန် ညွှန်ကြားချက် အသက်ဝင်မှု နည်း၍ KIO နှင့် အစိုးရတပ်တို့ တိုက်ပွဲ ဆက်နေဆဲ

ထိန်းချုပ် ဒေသတွင်း၌ လှည့်လည် သွားလာနေသည့် KIA တပ်မတော်မှ စစ်ကြောင်းအား တွေ့ရစဉ် ထိန်းချုပ် ဒေသတွင်း၌ လှည့်လည် သွားလာနေသည့် KIA တပ်မတော်မှ စစ်ကြောင်းအား တွေ့ရစဉ် ဓါတ်ပုံ - (Jade Land Kachin)
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၅) ဖွဲ့တို့မှ ထိပ်သီး ခေါင်းဆောင်များ နေပြည်တော်တွင် သမ္မတနှင့် ကာကွယ်ရေး ဦးစီးချုပ် တို့နှင့် အပစ်ရပ် စာချုပ် လက်မှတ် ရေးထိုးရန် အတွက် ညှိနှိုင်း ဆွေးနွေးရန် ရှိသဖြင့် ထိတွေ့ တိုက်ပွဲများ ထိန်းသိမ်း ကြရန် နှစ်ဖက် တပ်များအား နှုတ်မိန့်ဖြင့် ညွှန်ကြား ထားပြီး ဖြစ်သော်လည်း KIO ထိန်းချုပ် ဒေသ ဗန်းဗော်ခရိုင်၌ (၂) ရက်တာ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွား ခဲ့ကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့နှင့် ၎င်းဒေသခံ များက ရွှေဟင်္သာ သတင်း ဌာနအား စက်တင်ဘာလ (၈) ရက်နေ့၌ ပြောကြား ခဲ့သည်။
စက်တင်ဘာ (၇) ရက်နေ့ နေ့လည်ပိုင်းနှင့် စက်တင်ဘာ (၈) ရက်နေ့ ညနေပိုင်း ကချင်လွတ်လပ်ရေး အဖွဲ့ထိန်းချုပ် ဒေသ ဗန်းမော်ခရိုင် ရွှေကူ ဒေသ၌ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း ကချင်လွတ်လပ်ရေး အဖွဲ့ နည်းပညာ အထောက်အကူပြု အလုပ်အဖွဲ့၏ ပြောရေး ဆိုခွင့် ရှိသူ ဆရာ ဒေါင်းခါးက ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

ပြည်ထောင်စုအရေးတပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ NLD လိုလား

ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ စည်းရုံးဟောပြောမှုမှာတော့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အဓိကထား ပြောဆိုပြီး တပ်မတော်ရဲ့အခန်းကဏ္ဍကိုလည်း အထူး အလေးပေး ပြောဆိုခဲ့ပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေနဲ့ ဖယ်ဒရယ်ကို အာမခံပေးနိုင်တဲ့ အခြေခံဥပဒေတရပ် ဖြစ်ပေါ်လာရေးတို့ကို တပြိုင်နက်တည်းလုပ်ဆောင်ရမှာ ဖြစ်တယ်လို့လည်း တနလာင်္နေ့မှာပဲ ပါတီ မူဝါဒနဲ့ပတ်သက်လို့ မြန်မာ အစိုးရရုပ်သံကနေ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တာပါ။
Aung sang Sukyi give speech


အမျိုးသမီးသမ္မတဖြစ်လာပါက လက်ခံကြိုဆိုမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော


ရွေးကောက်ပွဲ, မင်းအောင်လှိုင်အမျိုးသမီးတဦး သမ္မတဖြစ်လာပါက သူအနေဖြင့် လက်ခံကြိုဆိုကြောင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့က သတင်သမားများကို ခေါ်ယူတွေ့ဆုံစဉ် ပြောဆိုလိုက်ကြောင်း AFP သတင်းတွင် ရေးသားထားသည်။
“ကျနော်အနေနဲ့ သမ္မတတာဝန်ထမ်းဆောင်မယ့်သူဟာ အမျိုးသမီးပဲ ဖြစ်ဖြစ် အမျိုးသားပဲဖြစ်ဖြစ် ကြိုဆိုပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးက သူ၏ သဘောထားကို ပြောဆိုကြောင်း ဖော်ပြထားသည်။
Min Aung Laing give speech ရွေးကောက်ပွဲနီးလာသည့်နှင့် အမျှ တပ်မတော်၏ သဘောထားကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မကြာခဏ ထုတ်ဖော်ပြောကြားနေရာ ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်နေ့က စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ညှိနှိုင်းအစည်းအဝေးတွင်လည်း ဆန္ဒမဲပေးမှုနှင့် ပတ်သက်၍ တပ်မတော်၏ ရပ်တည်ချက် မူဝါဒမှာ မိမိနိုင်ငံ၊ မိမိဒေသအတွက် ကောင်းအောင်ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါး အား သိရှိနားလည်စောင့်ထိန်း နိုင်သူ၊ နိုင်ငံရေး၊ စီးပွားရေး၊အုပ်ချုပ်ရေး၊ကာကွယ်ရေး အမြင်လေးမြင်ရှိပြီး တပ်မတော်အပေါ်နားလည်မှု ရှိသူဖြစ်စေလိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်

0 comments:

Post a Comment

KarenKweNewsGroup © 2008 Template by:
SkinCorner