Wednesday, September 16, 2015

General News 17/9/2015

  God bless you forever

ရွေးကောက်ပွဲမတိုင်မီ ကရင်ပြည်နယ်မှာ ဘာသာရေး ပဋိပက္ခ ဖန်တီးနေသလား

ကျော်ခ - ဧရာဝတီ



မယ်စိထာ ဘုရားရှိခိုးကျောင်းဝန်းနှင့် စေတီကို အတူတွေ့ရစဉ် (ဓာတ်ပုံ – Saw Black Karen Facebook)

ကရင်ပြည်နယ် ဘားအံမြို့နယ် မီးဇိုင်းကျေးရွာအတွင်းရှိ မယ်စိထာ ကရင်နှစ်ခြင်း ခရစ်ယာန် ဘုရားရှိခိုးကျောင်းဝင်း အတွင်း၌ စေတီ တည်ခြင်းအပေါ် ဘာသာရေး အခြေခံသည့် ပြဿနာများ ပေါ်ပေါက်လာမည်ကို စိုးရိမ်မှုများရှိနေပြီး ရွေးကောက်ပွဲမတိုင်မီ ပဋိပက္ခ ဖြစ်စေရန် ဖန်တီးမှုအဖြစ် ဒေသခံတချို့ သံသယရှိနေကြကြောင်း သိရှိရသည်။
NLD Candidate Susanna Hla Hla Soe Campaigns in Yangon
အဆိုပါစေတီကို တည်ရန် ညွှန်ကြားသည့် မြိုင်ကြီးငူ ဆရာတော် ဘဒ္ဒန္တဦးသုဇနကို မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အသင်းချုပ် (M.B.C)မှ ဘာသာရေး ခေါင်းဆောင်များက စက်တင်ဘာ ၁၁ ရက်တွင် သွားရောက်တွေ့ဆုံ၍ လျှောက်ထား ခဲ့ကြသော်လည်း ပြေ လည်မှု မရရှိခဲ့ကြောင်း M.B.C ပြည်သူ့ ဆက်ဆံရေး ကော်မတီ အတွင်းရေးမှူး မန်းစံသိန်းထွန်းက ဧရာဝတီသို့ ပြောသည်။
အဆိုပါ ကရင် ခရစ်ယာန် ဘုရားရှိခိုးကျောင်းဝန်းကို ၁၉၁၉ ခုနှစ်က တရားဝင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ထိုကျောင်းဝန်း အတွင်း ယခု ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ ရောက်မှသာ စေတီ လာရောက်တည်ခြင်း ဖြစ်သည်ဟု M.B.C က ပြောသည်။
သြစတြေးလျဝန်ကြီးချုပ်သစ် ကျမ်းသစ္စာဆို
ဝန်ကြီးချုပ်သစ်အဖြစ် Malcolm Turnbull အင်္ဂါနေ့မှာ ကျမ်းသစ္စာကျိန်ဆို(စက်တင်ဘာ ၁၅၊၂၀၁၅)
ဝန်ကြီးချုပ်သစ်အဖြစ် Malcolm Turnbull အင်္ဂါနေ့မှာ ကျမ်းသစ္စာကျိန်ဆို(စက်တင်ဘာ ၁၅၊၂၀၁၅)

သြစတြေးလျနိုင်ငံရဲ့ ၂ နှစ်တာကာလအတွင်း စတုထ္ထမြောက်တက်တဲ့ ၀န်ကြီးချုပ်သစ်အဖြစ် Malcolm Turnbull ဒီကနေ့ အင်္ဂါနေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုသွားပါတယ်။ တနင်္လာနေ့နှောင်းပိုင်းမှာ မထင်မှတ်ဘဲ ပါတီတွင်းမဲခွဲဆုံးဖြတ်ပြီးတော့ ပါတီခေါင်းဆောင် ၀န်ကြီးချုပ် Tony Abbott ကို ရာထူးက ဖြုတ်ချလိုက်ပြီးတဲ့နောက် မစ္စတာ Turnbull က သမရိုးကျဝါဒီ လစ်ဘရယ်ပါတီ ရဲ့ ခေါင်းဆောင်ဖြစ်လာတာပါ။


မြစ်ကြောင်း တစ်လျှောက် ၃ မိုင်ခွဲအထိ ရွှေဖရုံသီး စီးပြပြီး ကမ္ဘာ့စံချိန်တင်ဖို့ ကြိုးစားခဲ့သူ



မန်ဆာချူးဆက် ပြည်နယ် မှာနေထိုင်တဲ့ အမျိုးသား တစ်ဦးဟာ ၈၁၇ ပေါင် လေးလံတဲ့ ရွှေဖရုံသီး တစ်လုံး ကို စီးနင်းပြီး ရေကြောင်းနဲ့ ၃ မိုင်ခွဲ ခရီးကို လှော်ခတ်စီးနင်း ပြခဲ့ပြီး ကမ္ဘာ့စံချိန် တင်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။
အသက် ၄၂ နှစ်ရှိနေပြီဖြစ်တဲ့ Todd Sandstrum ဆိုသူဟာ ၈၁၇ ပေါင် လေးလံတဲ့ ရွှေဖရုံသီး ကို စက်တင်ဘာ ၅ ရက်နေ့မှာ စတင်စီးနင်းပြီး Taunton မြစ်ကြောင်းတစ်လျှောက် လှော်ခတ် သွားရာ ၃ မိုင်ခွဲထိ ခရီးရောက်ခဲ့တယ်လို့သိရပါတယ်။ အမှန်တစ်ကယ်တော့ သူ မျှော်မှန်းထားတဲ့ အကွာအဝေးဟာ ၇ မိုင်ထိ ခရီးရောက်နိုင်ဖို့ပါ။

မျိုးချစ်တွေအတွက် သမ္မတဦးသိန်းစိန်က ကျေးဇူးရှင်ကြီးလား 


Sandstrum ဟာ YouTube မှာလည်း  သူ့ရဲ့ ရွှေဖရုံသီးစီးတဲ့ ရေကြောင်းခရီးစဉ် ဗီဒီိယိုကို "Taunton Great River Pumpkin Run" ဆိုတဲ့ ခေါင်းဏသ်တဲ့ တင်ထားခဲ့ပြီး Guinness World Records ဌာနကို ဂရင်းနစ် စံချိန် အဖြစ် သတ်မှတ်ပေးဖို့ လည်း တောင်းဆိုထားပါသေးတယ်။

0 comments:

Post a Comment

KarenKweNewsGroup © 2008 Template by:
SkinCorner