Tuesday, August 4, 2015

Farming Cattle Feared of Disease and Poverty in Magway 5/8/15

God be with you forever

ဧရာဝတီအနောက်ဖက်ကမ်း အခြေအနေ (ရုပ်/သံ)


 မကွေးတိုင်း ပွင့်ဖြူမြို့နယ်အရှေ့ပိုင်း ဧရာဝတီမြစ်ကမ်းဘေး က ကျေးရွာတွေမှာ ရေနစ်မြုပ် နေတဲ့အတွက် လူတွေတင်မက၊ ခိုင်းနွားတွေ ကိုပါ ရေနံချောင်းမြို့ မှာ ကယ်ဆယ်ရေးစခန်းဖွင့်ပြီး စောင့်ရှောက် ထားပါတယ်။ RFA သတင်းထောက်ကိုဇော်တူးက သတင်းပေးပို့ထားပါတယ်။
 ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာမှာ သြဂုတ်လ ၃ ရက်နေ့က ရေကြီးနေစဉ်။ Photo: Min Thein Aung/RFA

 မြောက်ဦးနဲ့ ပလက်ဝရေဘေး အကူအညီ အရေးပေါ်လိုအပ် 5 August 2015 07:41(+0630) (လွန်ခဲ့သော 5 နာရီ ခန့်က) ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာမှာ သြဂုတ်လ ၃ ရက်နေ့က ရေကြီးနေစဉ်။ Photo: Min Thein Aung/RFA ရခိုင်ပြည်နယ် မြောက်ဦးနဲ့ ပလက်ဝမြို့တွေက ရေးဘေးဒုက္ခသည်တွေအတွက် အကူအညီ အထောက်အပံ့ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။ ရေဘေးကြုံရတဲ့ဒေသတွေထဲမှာ မြောက်ဦးမြို့နယ်က အဆိုးဆုံးခံရပြီး၊ ဆန်တစ်အိတ်ကို ကျပ်ငွေ ၅ သောင်းလောက်ဖြစ်နေတဲ့အတွက် ဆင်းရဲသားပြည်သူတွေ ဒုက္ခရောက်နေတယ်လို့ မြို့ဦးခေါင်းကျောင်းက အရှင်ဝိစိတ္တက RFA ကို မိန့်ပါတယ်။
 Starrosy Ni ·

တောင်းရတော့ မှာပေါ့။တိုင်းပြည်အတွက်မလိုအပ်သေးတဲ့ 
နေပြည်တော်ကြီးတည်ဆောက်လိုက်လို့ ကုန်ကျသွားတဲ့ 
ငွေတွေကိုသာအရင်းအနှီးလုပ်လိုက်ရရင်ဒီလိုအကူအညီမျိုး
တောင်းဘို့ လိုပါ့မလား။အခုတော့ ဦးဏှောက်မသုံးပဲလုပ်ချင်
တာတွေလုပ်လိုက်တော့ ရွှေကျောင်းပြောင်ပြောင်ဝမ်းခေါင်
ခေါင်ဖြစ်နေပြီလေ။မြန်မာပြည်သူတွေအတွက်နိုင်ငံတကာက
အကူအညီတွေပေးကြပါခင်ဗျား။ပြည်သူတွေလည်းဝိုင်းဝန်း
လို့ ကိုယ်ထူကိုယ်ထ၊ကိုယ့်အားကိုယ်ကိုးနေကြပါသည်။
လက်ရှိအစိုးရကိုသာအားကိုးနေရရင်တော့ လူမျိုးပါပြုတ်
သွားမလားမသိပါဘူး။

0 comments:

Post a Comment

KarenKweNewsGroup © 2008 Template by:
SkinCorner