Saturday, July 25, 2015

UPWC and Ethnic Senior Delegation Ceasefire Talks 25/7/15

May God bless you always

KNU/KNLA တပ်မှူးများ ဗိုလ်ကျော်သက်နှင့် ဗိုလ်ဆန်းအောင်နှစ်ဦးကို လက်ခံ လက်တွဲခေါ်ယူပါ။

ဒီကေဘီအေ မှ ဗိုလ်ကျော်သက် ဗိုလ်ဆန်းအောင် တို့ နှစ်ဦး အသက်ရာကျော်ရှည်ပါစေ လို့ ကျ နော်တို့ သောသီခိုအဖွဲ့ မှ ဆုတောင်းပေးလိုက်ပါသည်။

သူတို့ နှစ်ဦးလုပ်ရပ် မှန်တာ မှားတာ နောက်မှလိုအပ်ရင် အကျယ်တ၀င့်ပြောမယ်။ အဖွဲ့ အစည်းတစ်ခုလို မနေတတ်မထိုင်တတ်တာ၊ ဗမာမီဒီယာတွေ ဗိုလ်ဆန်းအောင်ကို မြောက်ပေးတာကို မသိရှာတဲ့ ဗိုလ်ဆန်းအောင်တစ်ယောက်မီဒီယာမှာ လေပေါများသွားတာက သူတို့ ရဲ့အားနည်းချက်တစ်ခု။

ယခုမှတ်ချက်ပေးလိုတာက

၁။ သူတို့ နှစ်ဦးသည် KNU ကရင်အမျိုးသားအစည်းအရုံးကို ပြန်လည်တိုက်ခိုက်တဲ့ သမိုင်းကြောင်းမရှိ။ ရန်သူ ဗမာစစ်တပ်နှင့် BGF တို့ ကိုတိုက်ခိုက်တဲ့သမိုင်းပဲရှိတယ်။

၂။ ကရင်ပြည်သူတွေကို သတ်ဖြတ် နိုပ်စက် ရွာမီးရှို့ တဲ့သမိုင်းမရှိ။

၃။ ရန်သှူဗမာစစ်အစိုးအရကို သစ္စာခံသူများမဟုတ် သစ္စာခံမဖြစ်သ၍ မည်သူမဆို မည်သည့်အဖွဲ့ အစည်းမဆို ကရင်အမျိုးသားများ၏ ရန်သူမဟုတ် မိတ်ဆွေများဖြစ်သည်ဟုလက်ခံသည်။

၎။ ဗိုလ်နှူတ်ခမ်းမွှေးသည် KNU ကိုပြန်လည်တိုက်ခိုက်တဲ့သမိုင်းရှိသည်။ ဝေါလေခီး တိုက်ပွဲများက သက်သေဖြစ်သည်။

အထက်ပါအခြေခံအကြောင်းအရင်းများကြောင်း ဗိုလ်ကျော်သက်နှင့် ဗိုလ်ဆန်းအောင်နှစ်ဦးကို မည်သည့် KNLA တပ်မှူးမဆိုလက်ခံထားခြင်းကို ကျနော်တို့ ကြိုဆိုသည်။ Interview with Naw Zipporah Sein Day 3 of UWPC and Ethnic Senior Delegation Ceasefire Talks in Yangon L’Oreal ကိုသုံးပြီး အလှအပ ဖန်တီးပြသတဲ့ပွဲ

0 comments:

Post a Comment

KarenKweNewsGroup © 2008 Template by:
SkinCorner