May God be with you forever
တစ်မတ်သား ဗီတိုကိုင်ပြီး ပိတ်ဆို့နိုင်တာ လူထုသိသွားပြီ
စစ်သားတွေ ကြွက်သားတွေညှစ်နေပြီ
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရွေးကောက်ပွဲဝင်မည်
လာမဲ့ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ မှာ ကျင်းပမည့် ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ( NLD ) က လွှတ်တော်သုံး ရပ်စလုံးမှာ ၀င်ရောက် ယှဉ်ပြိုင်မယ်လို့ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဇူလိုင်လ ၁၁ ရက်နေ့ ယနေ့မွန်းလွဲ ၅ နာရီက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေပြည်တော် နှင်းဆီစံအိမ်မှာ စီအီးစီ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ သတင်းစာရှင်လင်းပွဲတွင် ပါတီဥက္ကဋ္ဌက ကိုယ်စားလှယ်လောင်း ရွေးချယ်ရာမှာ ပြည်သူကို အကြိုးပြုနိုင်တဲ့ အရည်အချင်းကို အဓိကထားပြီး ရွေးချယ်မယ်လို့ လည်း ပြောကြားလိုက်ပါတယ်။
0 comments:
Post a Comment