Wednesday, July 1, 2015

General News 02/07/2015

God bless you always


နှစ်၂၀ ကျော် ကျွန်ပြုခံရသူ ရေလုပ်သား ကိုမြင့်နိုင် မိသားစုနှင့်ပြန်ဆုံ

ကျွန်ပြုခဲ့ရတဲ့ ရေလုပ်သား ကိုမြင့်နိုင် မိသားစုနဲ့ပြန်ဆုံ။

ငါးဖမ်းလှေတွေ ပေါ်မှာ ကျွန်တွေလို ဖမ်းဆီးချုပ်နှောင်ပြီး အတင်းအဓမ္မ ခိုင်းစေခံခဲ့ ရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၈၀၀ လောက် အင်ဒိုနီးရှား ကနေ မြန်မာပြည် ကို ပြန်ပို့ခဲ့ပြီးဖြစ်ပါတယ်။ အဲဒီထဲက အနှစ် ၂၀ ကျော် ငါးဖမ်းကျွန် ဘဝ နဲ့ လှုပ်ရှား ရှောင်တိမ်းခဲ့ရတဲ့ ကိုမြင့်နိုင်အကြောင်း အေပီ သတင်းဆောင်းပါးကို အခြေခံပြီး ကိုငြိမ်းချမ်းက ပြောပြပါမယ်။

အင်ဒိုနီးရှားနိုင်ငံက ကျွန်းစုတွေပေါ်မှာ မြန်မာရေလုပ်သားတွေ အပါအဝင် အိမ်နီးချင်း နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို ကျွန်တွေလို ဖမ်းဆီးချုပ်နှောင်ပြီး အတင်းအဓမ္မ ခိုင်းစေထားတဲ့ သတင်းကို အေပီ သတင်းဌာန က ဖော်ထုတ်ပြီးတဲ့နောက်မှာ မြန်မာ ရေလုပ်သား ၈၀၀ နီးပါး လောက်ဟာ ကျွန်ဘဝက လွှတ်မြောက်ပြီး မြန်မာပြည်ကို ပြန်ရောက်လာကြပြီ ဖြစ်ပါတယ်။

ထိုင်းနယ်စပ်ရှိ ၀ တပ်စခန်းကြီး ၇ ခု ရုပ်ပေးရန် မြန်မာစစ်တပ်ထံ ထိုင်းတောင်းဆို

ဓါတ်ပုံ- ၈၃ ကြိမ်မြောက် မြို့နယ်အဆင့် ထိုင်း - မြန်မာ နယ်ခြားကော်မတီ အစည်းအဝေး (ဓါတ်ပုံ- မတိချွန်းသတင်းစာမှ)
ဂျူလိုင် ၁ ရက် ၂၀၁၅

 ၂၀၁၅ ဂျွန် ၃၀ ရက် သျှမ်းပြည်အရှေ့ပိုင်း မြို့နယ်အဆင့် ထိုင်း - မြန်မာ နယ်ခြား ကော် မတီများ နယ်စပ်ဖြတ်ကျော် အရေးကိစ္စများ ဆွေးနွေးရာ တွင် ထိုင်းနယ်စပ်မျဉ်းပေါ် ရှိ ၀ တပ် စ ခန်း ၇ ခု တပ်ဆုတ်ဖို့ မြန်မာအစိုးရကို ထိုင်းအာဏာပိုင်က တောင်းဆိုလိုက် သည်။

သုံးလတကြိမ် လုပ့်လေ့လုပ်ထရှိသည့် အဆိုပါ ထိုင်း - မြန်မာ နယ်ခြားကော် မတီ အစည်း အဝေးတွင် နယ်စပ်ဖြတ်ကျော်လာသည့် မှုခင်းကိစ္စ၊ မူးယစ်ေ ဆး ဝါးကိစ္စ၊ နယ်စပ်မျဉ်းကိစ္စ၊ လူကုန်ကူးကိစ္စ အပါဝင် စစ်ရေးတင်း မာနေ သည့် ၀ တပ်ဖွဲ့ နှင့် အစိုးရတပ်မတော်ကြား စစ်ရေးအခြေ အနေ ဆွေးနွေးရာ တွင် ထိုင်းနယ်စပ် ချင်းမိုင်ခရိုင်နှင့် ကပ်လျှက်ရှိနေသည့် ၀ တပ်စခန်း ၇ ခုအား ဖယ်ရှားပေးရန် တောင်းဆိုလိုက်သည်ဟု ထိုင်းနိုင်ငံ မတိချွန်း သတင်းစာက ရေးသားသည်။

“ကျနော်တို့ကနေ ၀ နဲ့ အစိုးရ ကြား စစ်ရေးတင်းမာမှုကိုမေးမြန်းတယ်။ တိုက် ပွဲဖြစ်ရင် မလွယ်ဘူး။ စစ်ဘေးစစ်ဒဏ်က ထိုင်းကော ထိတယ်။ မြန်မာပြည် ထဲက စစ်ပြေး တွေဒီဘက် ကို အကုန်ရောက်လာမယ်။ နယ်စပ်မှာ တိုက်ပွဲမဖြစ် ဖို့ ၀ တွေ ဖယ်ပေးဖို့ ကျနော်တို့ တောင်းဆိုလိုက်တော့ သူတို့လဲ လွယ်လန်းမှာ ရှိတဲ့ ကျနော်တို့ တပ်စခန်းကို ဖယ်ပေးဖို့ တုန့်ပြန်တယ်။ ဖယ်မယ် မဖယ်ဘူးဆိုတာတော့မသိဘူးလေ၊ သူတို့လဲ အထက်ကို တင်ပြ မယ်။ ကျနော်တို့လဲ အထက်ကို တင်ပြမယ်။” - ဟု အမည်မဖေါ်လိုသည့် ထိုင်းလုံခြုံ ရေး အရာရှိကြီး တဦး ကပြောသည်။

ချင်းမိုင်ခရိုင် ဝိန်းဟဲန်မြို့နယ် တွင်နေထိုင်သည့် ဦးခွန်းဆေက - ပိန်းလုံ၊ လတ်တိုင် ဘက် မှာ ဘဲ နှစ်ခု - သုံးခု ရှိတယ်။ လွယ်ထွေ့ဘက်၊ နောင်အွတ် ဘီပီဝမ်းဘက်မှာကောဘဲ ၀ တပ် စခန်းတွေရှိတယ်လေ - ဟု ပြောသည်။

ယခု ထိုင်း-မြန်မာ နယ်ခြားကော်မတီ တွေ့ဆုံမှုသည် ၈၃ ကြိမ်မြောက်ြ ဖစ်သည်။

ထိုင်းအစိုးရ နှင့်မြန်မာအစိုးရတို့သည် စစ်အစိုးရလက်ထက် ကတည်းက ‘ထိုင်း- မြန်မာ နယ်ခြားကော်မတီ’ ဖွဲ့စည်းထားပြီး မြို့နယ်အဆင့် TBC အစည်းအဝေးကို ၃ လတကြိမ် ၊ တိုင်းအဆင့် RBC အစည်းအဝေးကို ၆ လ တကြိမ်၊ နိုင်ငံတော်အဆင့် JBC ကို ၁ နှစ် ၁ ကြိမ် ဆွေးနွေးပွဲကျင်းပလေ့ရှိ သည်။

ထိုင်း - မြန်မာ နယ်ခြားကော်မတီဖွဲ့စည်းထားတကဲ့သို့ တရုတ်နယ်စပ်တွင်လဲ တရုတ်-မြန်မာနယ်ခြားကော်မတီ ဖွဲ့စည်းထားပြီး ယခုကဲ့သို့ မကြာခဏေ တွ့ဆုံဆွေးနွေး လေ့ရှိပါသည်။

0 comments:

Post a Comment

KarenKweNewsGroup © 2008 Template by:
SkinCorner