God bless you always
အမေရိကန်မှာ သေနတ်ကိုင်မှု ပြန်သုံးသပ်ဖို့ တိုက်တွန်း
19 June 2015 09:36(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က)
အမေရိကန်နိုင်ငံ South Carolina ပြည်နယ် Charleston မြို့က အာဖရိကန် အမေရိကန် ခရစ်ယာန် ဘုရားကျောင်းတခုမှာ လူ ၉ ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရအပြီးမှာ ဒီမိုကရက်တစ် ပါတီဝင် သမ္မတလောင်း Hillary Clintonက အမေရိကန် နိုင်ငံအနေနဲ့ သေနတ်ကိစ္စ၊ လူမျိုးရေး ကိစ္စတွေနဲ့ ပတ်သက်လို့ လက်ခံဖို့ ခက်တဲ့ အမှန်တရားတွေကို ရင်ဆိုင်ဖို့ လိုတယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
အဲဒီ တိုက်ခိုက်မှုကို ကျူးလွန်ခဲ့သူအဖြစ် သံသယရှိသူ အသက်၂၁
နှစ်အရွယ် လူဖြူလူငယ် Dylann Roof ကို ရဲက ဖမ်းဆီးခဲ့အပြီး Charleston မြို့ကို ပြန်ခေါ်ဆောင်လာပြီ ဖြစ်ပါတယ်။
ဘုရားကျောင်း ပစ်ခတ်မှု သံသယရှိသူ ဖမ်းဆီးစစ်ဆေး
19.06.2015 06:17
0 comments:
Post a Comment