May God be with you forever
အပစ်ရပ်စာချုပ်အတွက် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်း
9 June 2015 21:23(+0630) (လွန်ခဲ့သော 8 နာရီ ခန့်က)
![]() |
ကရင်အမျိုးသား အစည်းအရုံး KNU ဒုဥက္ကဌ နော်စီဖိုးရာစိန်ပုံ photo: Kyaw Zaw Win/RFA |
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ တိုင်းရင်းသားအားလုံး သဘောတူညီနိုင်မယ့်အချက်တွေ ကို ပြုပြင်ရေးဆွဲနိုင်ဖို့အတွက် ဖွဲ့စည်းလိုက်တာဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူလိုက်တဲ့ KNU ကရင်အမျိုးသားအစည်းအရုံး ဒုတိယ ဥက္ကဌ နော်စီဖိုးရာစိန်က ပြောပါတယ်။
"အဖွဲ့ဖွဲ့လိုက်တာကတော့ ထိပ်သီးအစည်းအဝေးမှာ NCA မူကြမ်းအပေါ်မှာ အချက်အလက်တွေ ပြန်လည်ပြင် ဆင် ဖြည့်စွက်တဲ့ဟာတွေရှိတယ်၊ အဲ့ဖြည့်စွက်တဲ့အပေါ်မှာ ဆက်ပြီးတော့ညှိနှိုင်းဖို့အတွက် ကျမတို့ဆောင် ရွက်တာ"
အခုဖွဲ့စည်းလိုက်တဲ့အဖွဲ့ဟာ အရင်ရှိပြီးသား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်ရေးအဖွဲ့ NCCT ရဲ့ လုပ်ငန်းတွေကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်လက်မှတ်ရေး ထိုးနိုင်ဖို့အတွက် လော်ခီးလာညီလာခံက ဆုံးဖြတ်ထားပါတယ်
0 comments:
Post a Comment