Wednesday, June 24, 2015

Godfrey Baguma and his second wife and eight children 25/6/2015


၈ ယောက်မြောက် ကလေး ရဲ့ ဖခင်ဖြစ်လာတဲ့ အာဖရိကမှာ ရုပ်အဆိုးဆုံး ပုဂ္ဂိုလ်




အာဖရိက တိုက်မှာ ရှိတဲ့ Uganda နိုင်ငံမှာ ရုပ်အဆိုးဆုံး ပုဂ္ဂိုလ်အဖြစ် သရဖူ ဆောင်းထားသူဟာ ၈ ကြိမ်မြောက် ဖခင် ဖြစ်လာပြန်ပါပြီ။

တိုင်းပြည်ရဲ့ မိခင်ဘာသာစကားအရ "အားလုံးထဲမှာ ရုပ်အဆိုးဆုံး" လို့ အဓိပ္ပာယ်ရတဲ့ "Sebabi" လို့ လူသိများတဲ့ Godfrey Baguma ဆိုသူဟာ သူ့ရဲ့ မျက်နှာ အသွင်အပြင်ကို အခုလို ကြည့်ရဆိုးနေစေခဲ့တဲ့အကြောင်းအရင်းကတော့ သူ့မှာ ကြုံတောင့်ကြုံခဲ ကျန်းမာရေး အခြေအနေတစ်ခု ရှိနေလို့ပါ။

အသက် ၄၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ Godfrey ဟာ သူ့ရဲ့ ဒုတိယ မြောက် ဇနီး အသက် ၃၀ အရွယ် Kate Namanda ကို ၂၀၁၃ ခုနှစ်မှာ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံမှာတော့ အခုဆိုရင် ကလေး ၆ ယောက်တိတိရှိသွားပြီ ဖြစ်သလို Sebabi ဟာ သူ့ရဲ့ အရင် အိမ်ထောင်နဲ့လည်း ကလေး ၂ ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။
"ကျွန်တော်သူမကို တစ်ခြား ယောကျာင်္းတစ်ယောက်နဲ့ ဖောက်ပြန်နေတာ တွေ့ခဲ့ပါတယ်။ ကျွန်တော်သူမကို ငါတို့ရဲ့ အချစ်ရေး ပြီးဆုံးသွားပြီလို့ ပြောခဲ့ပါတယ်" လို့ Godfrey က KFM ကို ပြောပြခဲ့ပါတယ်။

Sebabi ဟာ ဖိနပ်ချုပ်သမား တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ဘ၀နေထိုင်မှုအတွက် ထို အလုပ်နဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုခဲ့တယ်လို့ သိရပါတယ်။ သူဟာ လူတွေသူ့ကို ကြည့်မှာ စိုးရိမ်တဲ့အတွက် စင်မြင့် အထက် ဘယ်တော့မှ မတက်ဘူးလို့ဆိုထားပေမယ့် သူနဲ့ သူ့ရဲ့ ဒုတိယ အိမ်ထောင် Namanda တို့ရဲ့ မင်္ဂလာဆောင်ကိုတော့ လူ အယောက် ၄၀၀၀ ခန့်ဖိတ်ကြားပြီး ခမ်းခမ်းနားနား ကျင်းပခဲ့ပါတယ်။
လက်ရှိသူတို့လင်မယားဟာ Uganda နိုင်ငံ ၊ Lwengo ခရိုင် ၊ Kyazanga မြို့မှာ နေထိုင် နေတယ်လို့ သိရပါတယ်။
( Mario )

0 comments:

Post a Comment

KarenKweNewsGroup © 2008 Template by:
SkinCorner