God be with you forever
ယန်စီမြစ် သင်္ဘောနစ်မြုပ်မှု သေဆုံးသူ ၄၃၀ ကျော်ကို ဆယ်ယူရရှိပြီ
ယန်စီ မြစ်ထဲမှာ နစ်မြုပ်သွားတဲ့ သင်္ဘောထဲကနေ အလောင်း ၄၃၀ ကျော်ကို ပြန်တွေ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
06.06.2015 21:54
ရာသီဥတုဆိုးဝါးနေစဉ် နစ်မြုပ်သွားခဲ့တဲ့ Eastern Star သင်္ဘောပေါ်ကနေ ၁၄ ယောက်ကိုပဲ အသက်ရှင်လျှက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။ သင်္ဘောပေါ်မှာ စုစုပေါင်း ၄၅၆ ယောက်ပါသွားတာဖြစ်ပြီး ကျန်ပျောက်ဆုံးနေသူ ၄၆ ယောက်ကို အသက်ရှင် ပြန်တွေ့နိုင်မယ့် အလားအလာနည်းပါးတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
သင်္ဘောပေါ် လူ ၄၅၆ ယောက် ပါသွားတဲ့အထဲက ၁၄ ယောက်ပဲ အသက်ရှင်ပါတယ်။ ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းအထိ အလောင်းပေါင်း ၄၃၁ လောင်းကို ပြန်တွေ့ရပြီး ၁၁ ယောက်ကတော့ ပျောက်ဆုံးနေဆဲပဲလို့ အစိုးရ ပြောခွင့်ရသူက သတင်းထောက်တွေကို ပြောပါတယ်။
ပြီးခဲ့တဲ့အပတ်က လေဆင်နှာမောင်းမိပြီး ဇောက်ထိုး ဖြစ်သွားတဲ့ လေးထပ် သင်္ဘောကြီးကို ဇွန် ၆ ရက်နေ့က ပြန်လည်တည့်မတ်ပြီး ဆယ်ယူနိုင်ခဲ့ပါတယ်။
အလောင်းကောက်တဲ့ လုပ်ငန်းမှာ ပါဝင်တဲ့ ကယ်ဆယ်ရေး ၀န်ထမ်းတယောက်က သင်္ဘောထဲက လေဟာ အလွန်အနံ့ဆိုးတဲ့အတွက် အလောင်းရှာဖွေ သယ်ယူတဲ့ လုပ်ငန်းကို အမြန်ဆုံးနည်းနဲ့ လုပ်ရတယ်လို့ သူ့ အတွေ့အကြုံကို ပြန်ပြောပြပါတယ်။
ဇွန် ၇ ရက်နေ့ဟာ Eastern Star သင်္ဘောနစ်မြုပ်တာ တပတ်ရှိပါပြီ။ တပတ်လုံးလုံး အလောင်းတွေကို ဆယ်ယူဖို့ လုပ်ငန်းမှာ လူအင်အား ထောင်ချီ သုံးပြီး လှေ သင်္ဘောရာနဲ့ချီ ပါဝင်ပါတယ်။
Eastern Star အပန်းဖြေသင်္ဘောဟာ ယန်စီမြစ်ပေါ် ၁၁ ရက်ကြာ ခရီးထွက်နေတုန်း နိုင်ငံအလယ်ပိုင်း ဟူဘိုင်ပြည်နယ်ထဲက ဂျိယန်လီ နယ်မြေမှာ လေဆင်နှာမောင်းမိပြီး ရုတ်တရတ် တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။
အခုအထိ အသေအပျောက်စာရင်းဟာ တရုတ်ပြည်သမိုင်းမှာ နှစ်ပေါင်း ၇၀ အတွင်း အဆိုးရွားဆုံး လမ်းပန်းဆက်သွယ်ရေး ဆိုင်ရာ မတော်တဆမှု ဖြစ်ပါတယ်။
0 comments:
Post a Comment