May God be with you forever.
အရှိန် ၂ ဆမောင်းတဲ့ ကန်ရထားလမ်းချော် ၇ ဦးသေဆုံး
14.05.2015 07:16
အမေရိကန် ပြည်ထောင်စု အရှေ့မြောက်ပိုင်း Philadelphia မြို့အနီးမှာ
အင်္ဂါနေ့ညက ဘီးချော် တိမ်းမှောက်ခဲ့တဲ့ ခရီးသည်တင်ရထား တိမ်းမှောက်မှုမှာ
အနည်းဆုံး လူ ၇ ဦး သေဆုံးပြီး လူပေါင်း ၂၀၀ ဒဏ်ရာ ရရှိခဲ့ပါတယ်။
ရထားတိမ်းမှောက်ချိန်မှာ တနာရီကို မိုင် ၁၀၀ နီးပါးနဲ့ မောင်းနှင်နေတာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောလိုက်ပါတယ်။ ဘာကြောင့် ရထားတိမ်းမှောက်ခဲ့ရတယ် ဆိုတာကို ထုတ်ပြန် ပြောဆိုခြင်း မရှိသေးပေမဲ့ စုံစမ်းစစ်ဆေး နေသူတွေကတော့ ရထားဟာ သတ်မှတ်ထားတဲ့ အမြန်နှုန်းထက် ၂ ဆ နီးပါး မြင့်ပြီး မောင်းနှင်နေတာ ဖြစ်ပါတယ်။
ရထားမတိမ်းမှောက်ခင် တနာရီအလိုမှာ အကွေ့မှာ ရထားရဲ့ အမြန်နှုန်းဟာ တနာရီကို မိုင် ၇၀ နှုန်း ရှိခဲ့ပါတယ်။
ဝါရှင်တန်ကနေ နယူးယောက်ကို သွားတဲ့ ခရီးသည်တင် တွဲ ၇ တွဲပါ Amtrak ရထားမောင်းနှင်သူ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို ထုတ်ပြန်ကြေညာခြင်း မရှိပေမဲ့ သူဟာ အသက်ရှင်လျက် ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူက ရဲတပ်ဖွဲ့နဲ့ စကားပြောဆိုဖို့ ငြင်းဆိုနေပါတယ်။

Phan Foundation on 2015
Karen National Seminar on 2015
Dami Im, Endless Love (duet with Stan Walker)
0 comments:
Post a Comment