Tuesday, January 27, 2015

Miss Universe 28/1/2015

မယ်စကြ၀ဠာဆု ကိုလံဘီယာ အလှမယ် ရရှိ

26 January 2015 11:48(+0630) (2 ရက် ခန့်က)


မြန်မာအလှမယ် သျှားထွဋ်အိန္ဒြာ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ ၆၃ ကြိမ်မြောက် မယ်စကြ၀ဠာ ပြိုင်ပွဲမှာ ကိုလံဘီယာ ပေါလီနာ ၀ီဂါက မယ်စကြ၀ဠာ အဖြစ် အရွေးချယ်ခံခဲ့ရပါတယ်။

အသက် ၂၂ နှစ်အရွယ် ၀ီဂါ ဟာ ပြိုင်ပွဲမှာ တင်ဆက်မှုတိုင်းမှာ အမှတ်အများဆုံးရ ရှိခဲ့သူဖြစ်ပါတယ်။

မယ်စကြဝဠာရွေးပွဲ

စီးပွားစီမံခန့်ခွဲရေး အထူးပြုနဲ့ ကိုလံဘီယာမှာ ကျောင်းတက်နေတဲ့ ၀ီဂါဟာ အသက် ၈ နှစ်အရွယ်ကတည်းက မော်ဒယ်အဖြစ် ဆောင်ရွက်ခဲ့သူတဦး ဖြစ်ပါတယ်။

“အလှအပနဲ့ မက်မော စွဲမက်ဖွယ်ကို ဂရုစိုက်ရုံသာမက ကျွမ်းကျင်မှု၊ ထက်မြက်မှု၊ အလုပ်ကြိုးစားမှု စတဲ့ ဒီကနေ့ အမျိုးသမီးတွေကို ကိုယ်စားပြုရတဲ့ အိမ်မက် အကောင်ထည်ဖော်နိုင်တော့မယ်”လို့ ၀ီဂါက အစောပိုင်းက ပြောဆိုခဲ့ဖူးပါတယ်။

သူနဲ့ အတူ 1st runner-up အဖြစ် အမေရိကန် ပြည်ထောင်စု အလှမယ်၊ 2nd runner-up အဖြစ် ယူကရိန်း အလှမယ်နဲ့ 3rd runner-up အဖြစ် နယ်သာလန် အလှမယ်တို့က ရရှိခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံကိုယ်စားပြု  ၀တ်စုံဆုကိုတော့ အင်ဒိုနိးရှား ဓာတ်ပုံ အလှမယ်ဆုကိုတော့ ပူရာတိုရီကို အလှမယ်နဲ့  နှစ်လို ဖော်ရွေတဲ့ အလှမယ်အဖြစ် နိုက်ဂျီးရီးယား အလှမယ်တို့ကို ရွေးချယ်ခဲ့ပါတယ်။

ဒီပြိုင်ပွဲကို အမေရိကန် ပြည်ထောင်စု မီယာမီက ဖလော်ရီဒါ နိုင်ငံတကာ တက္ကသိုလ်မှာ ကျင်းပခဲ့ပါတယ်။

မယ်စကြ၀ဠာ ပြိုင်ပွဲမှာ  နိုင်ငံပေါင်း ၈၈ နိုင်ငံက ၀င်ရောက်ယှဉ်ပြိုင်ခဲ့သလို  မြန်မာကိုယ်စားပြု  အလှမယ် သျှားထွဋ်အိန္ဒြာက ၀င်ပြိုင်ခဲ့ပါတယ်။



0 comments:

Post a Comment

KarenKweNewsGroup © 2008 Template by:
SkinCorner