Wednesday, December 10, 2014

TNLA, KIA, MNDAA battle with Burma Soliders 11/12/14

တာမိုးညဲတွင် TNLA, KIA, MNDAA တိုင်းရင်းသားပူးပေါင်းတပ်တို့နှင့် မြန်မာစစ်တပ် တိုက်ပွဲပြင်းထန်

ပလောင်ဒေသမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်။ ဘယ်မီဒီယာကြီးတွေကမှ အရေးတယူ ဖေါ်ပြတာမရှိဘူး..သမ္မတဦးသိန်းစိန်အစိုးရ နောက်ပြန်ဆုတ်နေပြီလားလို့ နိုင်ငံရေးသမားတွေ သတင်းသမားတွေက အမျိုးမျိုးရေး/ပြောနေကြတယ်။
အစိုးရ ငြိမ်းချမ်းရေးလမ်းစဉ်နောက်ပြန်ဆုတ်နေပြီးလား ဆိုပြီး သို့ လောသို့ လော တွေးနေငေးနေတဲ့လူတွေကိုပြောချင်တယ်၊ မင်းတို့ ယူဆနေတာတွေမှားတယ် တစ်ခုမှမဟုတ်ဘူး မမှန်ဘူး၊

အစိုးရငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ နောက်ဆုတ်နေတာ မဟုတ်ဘူး၊ အစကတည်းကိုက တလက်မမှ ရှေ့ ကိုမတိုးခဲ့တာ။ ကရင်ပြည်မှာ ကရင်ရွာနံ့ဘေးမှာ တပ်စိတ်တစိပ်လေးလောက်ပဲရှိတဲ့ စခန်းသေးသေးလေး တစ်ခုလေးကိုတောင်မှ ပြန်ရုတ်သိမ်း ပေးသွားတာမရှိသေးဘူး။ တိုင်းရင်းသားအဖွဲ့ တွေ၊ ဒီမိုအုပ်စုတွေကသာ ရှေးကိုတိုးပြီး ရန်သူခြူံထဲကိုရောက်နေပြီး ပတ်ခြာလည်နေကြတယ်။ တိုက်ပွဲအတွက်မပြင်ဆင်ထားတဲ့ တော်လှန်ရေးအဖွဲ့ အစည်း/သမားတွေ ၂၀၁၅ ရွေးကောက်ပွဲအပြီး နာပြီသာမှတ်။

သိန်းစိန်၊ မင်းအောင်လှိုင်၊ အောင်မင်းတို့ ကို ယုံတဲ့လူတွေအားလုံးဟာ ဆင်လီးခွေးမျှော်တွေ...


ဒီဇင်ဘာလ ၁၀ ရက် ၂၀၁၄

တအာင်းဒေသ၊ အမှတ်(၄) ဗျူဟာ နယ်မြေ တွင် ယနေ့ နံနက် ၀၅း၀၀နာရီမှ ယခုအချိန်ထိ တအာင်းတပ်မတော်တပ်ရင်း (၉၁၉)နှင့် မြန်မာ့တပ်မတော်တို့ နှစ်ဘက်အပြင်းအထန် ရင်ဆိုင်တိုက် ဖြစ်ပွါးခဲ့သည်။

တိုက်ပွဲတွင် နှစ်ဖက် ထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။ တိုက်ပွဲနောက်ဆက်တွဲ သတင်းအားဆက်လက်တင်ပြသွားပါမည်။
တအာင်း တပ်မတော်မှ နယ်မြေစိုးမိုးရေး ကွင်းဆင်းဆောင်ရွက်စဉ် မြန်မာ့တပ်မတော်မှ လိုက်လံ ပိတ်ဆို့ တိုက်ခိုက်နေခြင်းကြောင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပါးရခြင်း ဖြစ်သည်။

တာမိုးညဲမြို့နယ်၊ ဆိုင်းခေါင်နှင့် ဟိုပုံကျေးရွာအကြား အမှတ်(၄) ဗျူ ဟာ နယ်မြေတွင် နံနက် ၀၅း၀၀နာရီမှ စပြီးယခု သတင်းရေးသားသည့် နေ့လည်ပိုင်း ၁၅း၃၀ အချိန်ထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။

-ပြောပြရင် ဒေါပွမှာလား

0 comments:

Post a Comment

KarenKweNewsGroup © 2008 Template by:
SkinCorner