Tuesday, November 18, 2014

Ed Sheeran - Thinking Out Loud 19/11/14

Ed Sheeran - Thinking Out Loud


 အသက် ၁၆နှစ်အရွယ် Kansas ကျောင်းသူနှစ်ဦး
 နှစ်ရက်ခြားပြီး
ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သွားကြ
Kansas ကျောင်းသူနှစ်ဦး နှစ်ရက်ခြားပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သွားကြခြင်း source photo from http://www.google.com/images အသက် ၁၆နှစ်အရွယ် Kansas ကျောင်းသူနှစ်ဦး နှစ်ရက်ခြားပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သွားကြ

Kansas ကျောင်းသူနှစ်ဦး နှစ်ရက်ခြားပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သွားကြခြင်း

source photo from http://www.google.com/images November 12, 2014
Wednesday Olathe Northwest အထက်တန်းကျောင်းက ကျောင်းသားကျောင်းသူအားလုံးအတွက် တနင်္လာနေ့ဟာ စိတ်ခြောက်ခြားစရာအခြေအနေကို ရင်ဆိုင်ဖို့ ဖြစ်လာခဲ့ပါတယ်။ အတန်းဖော် ကျောင်းသူနှစ်ဦး Ciara Webb နဲ့ Cady Houshတို့ဟာ ရက်ပိုင်းလေးခြားပြီး ရှေ့ဆင့်နောက် ဆင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြတာမို့ ကျောင်းသား၊ ကျောင်းသူအားလုံးဟာ တုန်လှုပ်မှုတွေ ဖြစ်ကြ ရပါပြီ။ အသက် ၁၆နှစ်သာ ရှိသေးတဲ့ Ciara Webb ဟာ သောကြာနေ့ နေ့လည်ပိုင်းလောက်မှာ သူ့အိမ်မှာသူ သေ ကြောင်းကြံခဲ့တာလို့သိရပြီး အဲ့ဒီအတွက် မိသားစုဝင်တွေရော ကျောင်းက ကျောင်းသူ၊ ကျောင်းသား၊ ဆရာ တွေကပါ ၀မ်းနည်းပူဆွေးခဲ့ကြရပါတယ်။ အဲ့ဒီအတွက်လည်း အသုဘအခမ်းအနားမှာ သူမပတ်ပတ်လည် ဖယောင်းတိုင်တွေထွန်းညှိပြီး ဆုတောင်း ပေးခဲ့ကြပါသေးတယ်။ source photo from http://www.google.com/images သူမရဲ့ သူငယ်ချင်းလည်းဖြစ်၊ soccer ကစားဖော် ကစားဖက်လည်းဖြစ်တဲ့ Cady Housh က သူမသူငယ် ချင်းဆုံးသွားတာကိုသိသိချင်းမှာပဲ "ငါ့ရဲ့စောက်သုံးမကျတဲ့ဘ၀ကြီးအတွက် အဆိုးဝါးဆုံးသတင်းပတ်ပဲ" လို့ tweet လုပ်ထားခဲ့ပြီး Instagram မှာ သူမတို့နှစ်ဦးအတူရိုက်ထားတဲ့ ဗီဒီယိုလေးကို တင်ခဲ့ပါတယ်တဲ့။ အဲံဒီဗီဒီယိုမှာ "soccer ရာသီကတော့ နင်မပါရင် အရင်လို ဖြစ်မှာမဟုတ်တော့ဘူး" လို့ caption ထိုးထားပါ တယ်။ နှစ်ရက်အကြာမှာတော့ Housh ဟာ ရထားရှေ့ခုန်ချပြီးကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသွားတဲ့ အကြောင်း အားလုံးသိရှိလိုက်ရတာပါပဲ။ source photo from http://www.google.com/images အတန်းဖော်တော်တော်များများဟာ ဒီသတင်းသိလိုက်ရတဲ့အခါ ကျောင်းမလာတဲ့သူက မလာ၊ ငိုတဲ့သူက ငို ဖြစ်ကုန်ကြပြီး တော်တော်လည်းတုန်လှုပ်သွားကြတယ်လို့ တာဝန်ရှိ ဆရာ၊ ဆရာမတွေက ဆိုပါတယ်။ ကျောင်းအုပ်ဆရာကြီးက မိဘတွေဆီ ထပ်တူဝမ်းနည်းရကြောင်းစာလွှာတွေ ပို့ပေးခဲ့တဲ့အပြင် ကျောင်းသား၊ ကျောင်းသူတွေအားလုံး ပူဆွေးသောကရောက်နေရခြင်းမှ အမြန်ဆုံးသက်သာသွားအောင် အားပေးစကား တွေ ပြောပေးနေရတယ်လို့ သိရပါတယ်။ Ref:cosmopolitan.com

0 comments:

Post a Comment

KarenKweNewsGroup © 2008 Template by:
SkinCorner