Saturday, November 22, 2014

ဗမာစစ်အစိုးရမှ ငြိမ်းချမ်းရေးကို ရည်ရွယ်ချက်ရှိရှိလုပ်ပြလိုက်သည့် ထင်ရှားသည့်ဖြစ်စဉ် 22/11/14

ဗမာစစ်အစိုးရမှ ငြိမ်းချမ်းရေးကို ရည်ရွယ်ချက်ရှိရှိလုပ်ပြလိုက်သည့် ထင်ရှားသည့်ဖြစ်စဉ်

Source photo from http://www.phophtawnews.org/burmese

ဗမာစစ်အစိုးရမှ ငြိမ်းချမ်းရေးကို 

ရည်ရွယ်ချက်ရှိရှိလုပ်ပြလိုက်သည့်

ထင်ရှားသည့်ဖြစ်စဉ်

November 19, 2014
Wednesday
By ကိုထွေး
“ဒါကတော့ ရည်ရွယ်ချက်ရှိရှိ လုပ်တဲ့ဖြစ်စဉ်ပါ။
ဘာကြောင့်လဲဆိုတော့ ဒီနေ့မနက် ဖြစ်စဉ်မှာ လည်း တိုက်ပွဲဖြစ်တာလည်း အဲဒီဒေသတလျှောက်မှာ၊ ၈ နာ
ရီခွဲ ၉ နာရီမှာဖြစ်တဲ့ မိနစ် ၂၀ တိုက်ပွဲဟာလည်း ဗိုလ်လောင်းသင်တန်းရဲ့ မိုင် ၆ မိုင်လောက်ရှိတဲ့နေရာမှာ
တိုက်ပွဲဖြစ်တယ်။
တိုက်ပွဲ ဖြစ်တဲ့နေရာမှာ ကန်တောင်ရွာကနေ လက်နက်ကြီးပစ်ကူပေးသေးတယ်။
၁၂ နာရီ ၃၆ မိနစ်လောက်မှာ ခယာဘွမ်က နေပြီးတော့ ကျနော်တို့ ဗိုလ်သင်တန်းကျောင်းကို ပစ်မှတ်ကို
တိကျသေချာအောင် ချိန်ပြီး ပစ်ခတ်တာပါ။
အဲဒါကြောင့် စစ်ရေးပြကွင်းမှာ လေ့ကျင့်နေတုန်း သွားပြီးတော့ ထိမှန်တဲ့ အတွက်ကြောင့် ကျနော်တို့ဘက်
က တော်တော်လေး အထိအခိုက် အကျအဆုံးများတယ် ”လို့ ဦးလနန်က ပြောပါတယ်။

ဦးလမိုင်ဂွန်ဂျာက
“လက်နက်ကြီးကျတာ မဟုတ်ဘူး။ တိုက်ပွဲဖြစ်တာမဟုတ်ဘူး။
ခါယာတောင်မှာထိုင်တဲ့ လက်နက်ကြီးတပ်၊ တောင်ကုန်းပေါ်မှာထိုင်တဲ့ တပ်တွေက ဒီ ခါယာတောင်ကုန်း
မှာ ထိုင်တဲ့သူတွေက အဲဒီ ဗိုလ်လောင်းကျောင်းက အပေါ်ကကြည့်လို့ ရှိရင် အထင်းသား သွားလာလှုပ်ရှား
မှုအားလုံးကို မြင်နေရတယ်။
မြင်နေရတဲ့အခါ သူတို့က သင်တန်းသားတွေစုဝေးတဲ့နေရာမှာ လက်နက်ကြီးနဲ့ပစ်လိုက်တာဗျ”
ဟုပြောကြားသည်။
http://world-myanmar.com/
“အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကေအိုင်အိုကလည်း ကျွန်တော်တို့ PCG ကို ဖုန်းနဲ့ လှမ်းအကြောင်းကြားပြီးတော့
သက်ဆိုင်ရာကို အကြောင်းကြားထားပေးပါ။
စာကတော့ မနက်ဖြန်မှ ပို့မယ်ဆိုတာကို အကြောင်းကြားထားတဲ့အပေါ်မှာ ကျွန်တော်တို့လည်း ပဋိပက္ခညှိ
နှိုင်းဖြေရှင်းရေးအဖွဲ့ကိုလည်း အကြောင်းကြားထားပြီးပါပြီ။
နောက်ပြီး UPWC ကိုလည်း ဖုန်းနဲ့တော့ လှမ်းအကြောင်းကြားထားတယ်”ဟု ဆိုသည်။
“အစဦးက လူ ၂ဝ သေပြီးတော့ ၁၆ ဦး ဒဏ်ရာရတယ်။ အခု ည ၈ နာရီမှာ ရတာက နောက်ထပ်နှစ်ဦး
သေဆုံးတယ်လို့ သိရတယ်။
ပစ်ခတ်တဲ့တပ်က မိုးကောင်းမြို့ အခြေစိုက် စခက (၃) လက်အောက်ခံတပ်ရင်း ခမရ (၃၈၉)ကလို့ သိရ
တယ်”
ဟု ဦးလမိုင်ဂွန် ဂျာက ပြောကြားသည်။
 - See more at: http://www.news-eleven.com/local

“ကနေ့ နေ့လည် ၁၂ နာရီ ၃၆ မိနစ်မှာ လိုင်ဇာ ဌာနချုပ်ရဲ့ အထက်ဘက် တောင်ကုန်းမှာ ရှိတဲ့ ဗိုလ်လောင်း
လေ့ကျင့်ရေး သင်တန်းကျောင်းကို အစိုးရတပ်က လက်နက်ကြီးနဲ့ လှမ်းပစ်တယ်၊ အဲဒီမှာ သင်တန်းကျောင်း ဆရာအပါအဝင် သင်တန်းသားစုစုပေါင်း (၂၂) ဦး ကျဆုံးပြီး (၁၅) ဦး ဒဏ်ရာရတယ်”
ဟု ဦးလနန်က ရွှေဟင်္သာသတင်း ဌာနအား ပြောကြားခဲ့သည်။
“လက်နက်ကြီး ကတော့ ၁၀၅ မမ မဟုတ်ရင် ၇၆ မမ တစ်ခုခုတော့ ဖြစ်နိုင်ခြေ ရှိတယ်။
လ့ကျင့်ရေး လုပ်နေ တုန်း၊ သင်တန်းသား လေးတွေ စစ်ရေးပြ နေတုန်း ကျပေါက်တော့တယ်”
ဟု ဗိုလ်မှူးကြီး ဇော်တောင်ကလည်း ရွှေဟင်္သာ သတင်း ဌာနအား နိုဝင်ဘာလ (၁၉) ရက်နေ့၌ ပြောကြား
ခဲ့သည်။
Copy from
http://www.phophtawnews.org/burmese/index.php/news/internal-news/item/1252-kio.html

ခါရာတောင်မှာ အခြေစိုက်တဲ့ အစိုးရ တပ်ဖက်က ပစ်ခတ်တာလို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာက ပြော ပါတယ်။
"အချိန်ကတော့ ၁၂ နာရီ မိနစ် ၂၀ မှာ ခါရာတောင်ကနေပြီးတော့မှ လတ်နက်ကြီးနဲ့ လှမ်းပစ်တာပေါ့လေ။ အဲ့ဒီမှာ ခါရာတောင်မှာ ထိုင်နေတဲ့ စစ်တပ်ပေါ့၊ လှမ်းပစ်တဲ့အခါကျတော့ KIA ရဲ့ ဗိုလ်လောင်းသင်တန်း
ကျောင်းမှာ သူတို့ စုဝေတဲ့နေရာမှာ လာကျလို့ အဲ့ဒီမှာ သူတို့နဲ့လူ ၂၀ ဦးသေပြီးတော့ ၁၅ ဦး ဒဏ်ရာရသွား
တယ်။ သိရတယ်ဗျ၊ ကျနော်တို့ဘက်ကို အကြောင်းကြားလာတယ်၊ ကျနော်တို့ ပဋိပက္ခငြိမ်းချမ်းရေးအဖွဲ့ကို
တင်ပြခိုင်းတယ်၊ န.ပ.ခ တိုင်းကို တင်ပြခိုင်းတယ်"

Copy from
http://www.rfa.org/burmese/news/kio-gun-20die-kachin-11192014095904.html
ဗမာစစ်အစိုးရ နားလည်လက်ခံတဲ့ ငြိမ်းချမ်းရေးဆိုတာ အဲဒါပဲ။

0 comments:

Post a Comment

KarenKweNewsGroup © 2008 Template by:
SkinCorner