ကရင်အမျိုးသားများပူးပေါင်းပါဝင်
ဖျော်ဖြေကြတဲ့ Festival of Nations ပွဲတော်
……………………………………………………………………………………
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်ရဲ့မြို့တော် အော်ဘနီမှာရှိတဲ့ Empire State Plaza, Convention Center မှာ (၄၃)ကြိမ်မြောက် Festival of Nations ပွဲတော်ကို ဒီကနေ့ အောက်တိုဘာ(၂၆)ရက်နေ့မှာ ကျင်းပပြီးစီးသွားပြီဖြစ်ပါတယ်။
ဒီနှစ်
၂၀၁၄ မှာ ကျင်းပတဲ့ ဒီပွဲတော်မှာ နိုင်ငံပေါင်း (၂၄)နိုင်ငံ စုစည်းပါဝင်ပြီး နိုင်ငံတိုင်းဆီမှာရှိတဲ့
လူမျိုးစုတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေကို အစဉ်လိုက်
ဖျော်ဖြေတင်ဆက်ကြတဲ့အပြင် ရိုးရာ အစားအသောက်တွေကိုလည်း တည်ခင်း မိက်ဆက် ရောင်းချပေးတာကိုလည်း
တွေ့ရပါတယ်။
မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့
စောမျိုးလွင်နဲ့ ဆရာစောထူးဦးဆောင်တဲ့ အော်ဘနီ ကရင့်ယဉ်ကျေးမှုလူငယ်အဖွဲ့က ရိုးရာဒုံးအကနဲ့
ပါဝင်ဖျော်ဖြေခဲ့ပါတယ်။
ဒီပွဲမှာ
ပရိသတ်တွေ ပိုပြီးစိတ်ဝင်စားကြတာကတော့ Miss Festival of Nations 2014 ရဲ့ ကာယအလှမယ်ရွေးပွဲပဲ
ဖြစ်ပါတယ်။ ဒီအလှမယ်ရွေးပွဲဟာ အသက် ၁၄ နှစ်နဲ့ (၁၈)နှစ်အောက်ကို ၀င်ရောက်ယှဉ်ပြိုင်စေတာ
ဖြစ်ပါတယ်။
ယမန်နှစ်က
တူရကီအလှမယ် Ayse Angelina Guveni က ဆွတ်ခူးခဲ့ပြီး ဒီနှစ်မှာတော့ ကိုးရီးယားအလှမယ်
Miss Seok Chung က ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ ယမန်နှစ်က မြန်မာပြည်ကိုယ်စားပြုအနေနဲ့ ကရင်အမျိုးသမီးငယ်
Koh Ko က ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒီနှစ်မှာလည်း ကရင်မိန်းမပျိုငယ်လေး Miss Yad
Na က ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
ဒီနှစ်ကိုယ်ကာယအလှမယ်ပြိုင်ပွဲရဲ့
ထူးခြားချက်ကတော့ စကာတင်(၆)ယောက်ထဲမှာ အာရှမှ (၄)ဦးအထိ အရွေးခံရတာပဲ ဖြစ်ပါတယ်၊
စကာတင်(၆)ယောက်မှာ
တရုတ်၊ ထိုင်ဝမ်၊ ရုရှ၊ အာမေးနီးယား၊ ဘင်္ဂလားဒေ့ရှ်နဲ့ ကိုးရီးယားတို့ဖြစ်ပြီး နောက်ဆုံးမှာတော့
ကိုးရီးယားအလှမယ်က ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားခဲ့တာပါပဲ ဖြစ်ပါတယ်။
တရုတ်ဆရာမတစ်ဦးက သူငယ်တန်း ကလေးငယ်များကို ထပ်တလဲလဲ ရိုက်နှက်နေသည့် ဗီဒီယို
ယနေ့ Yahoo သတင်း၏ Trending တွင် ပါရှိသည့် တရုတ်ဆရာမတစ်ဦးက သူငယ်တန်း ကလေးငယ်များကို ထပ်တလဲလဲ ရိုက်နှက်နေသည့် ဗီဒီယို ဖြစ်ပါတယ်။ ထိုဆရာမသည် သူ့ရဲ့ ကျောင်းသား သူငယ်တန်း ကလေး ငယ်များကို ဂဏန်း သင်္ချာပုစ္ဆာများအား ဖြေဆိုနိုင်ခြင်းမရှိ၍ ရိုက်နှက်ခြင်းဖြစ်ကြောင်း သိရပါတယ်။ သို့သော် ထိုဆရာမ၏ ရိုက်နှက်ခြင်း က ဆုံးမနေခြင်းလော၊ နှိပ်စက်နေခြင်းလော ဟူသည်ကို စာဖတ်ပရိသတ်တို့ ဗီဒီယိုကိုသာ ကြည့်ရှု၍ အဆုံးအဖြတ်ပေးကြပါကုန်.....။
0 comments:
Post a Comment