Monday, September 1, 2014

Meeting of UNFC and Political Organizations 01/09/2014

ယူအန်အက်ဖ်စီအဖွဲ့ဝင်အဖြစ်ကနေ ကေအန်ယူ ယာယီဆိုင်းငံ့
By နော်နိုရင်း

KNU ကရင် ကိုယ်စားလှယ်များ UNFC ညီလာခံမှ နှုတ်ထွက်

KNU get out from NUFC
knu-305
ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ကို သြဂုတ်လ ၃၁ ရက်နေ့က ချင်းမိုင်မြို့ UNFC ရဲ့ညီလာခံမှာ တွေ့ရစဉ်
Photo:Aung Moe Myint/ RFA
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ညီလာခံကို ဒီကနေ့ ချင်းမိုင်မြို့မှာ ပြန်လည်ကျင်းပရာမှာ UNFC ရဲ့ ဖွဲ့စည်းပုံနဲ့ မူဝါဒတချို့ဟာ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ရဲ့သဘောထားကိုက်ညီမှု မရှိတာကြောင့် မနက်ပိုင်း ဆွေးနွေးပွဲအပြီး KNU ကိုယ်စားလှယ်တချို့ အစည်းအဝေး တက်ရောက်ခြင်း မရှိတော့ပဲ နှုတ်ထွက်သွားခဲ့ကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး UNFC ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်တစ်ဦးလည်းဖြစ် KNU အဖွဲ့က မဟာမိတ်ဆက်ဆံရေးဌာန တာဝန်ခံ လည်းဖြစ်တဲ့ ပဒိုဒေးဗစ်တာကပေါက KNU အဖွဲ့ရဲ့ မူဝါဒတွေနဲ့ မကိုက်ညီတာကြောင့် ဖြစ်တယ်လို့ RFA ကို အခုလို ပြောပါတယ်။
"ထွက်သွားတာကတော့ ဒီလိုပါ၊ သူတို့အနေနဲ့ UNFC ရဲ့ အခြေခံ ဥပဒေကို ပြန်လည်ပြီးတော့ သုံးသပ်တယ်၊ ပြင်ဆင်တယ်၊ အဲ့ဒီမှာ သူတို့အနေနဲ့ က ဖြည့်စွက်ချင်တာတွေ၊ ပြင်ဆင်ချင်တာ လေးတွေကို အဲ့ဒါကို ပြန်ပြီးတော့ ဆွေးနွေးဖို့လိုတယ်လို့ ဆိုပြီးတော့ ထွက်သွားခြင်းဖြစ်ပါတယ်၊ ပြန်လာမှာပါ သို့မဟုတ်ရင်လည်း ပြန်အကြောင်းကြား မှာပေါ့လေ၊ ကျနော်တို့ တပ်ပေါင်းစုထဲက အဖွဲ့အစည်းတွေကတော့ တစ်ဦးနဲ့တစ်ဦးအခြေအနေ မတူဘူးပေါ့၊ သူတို့က ဟိုမူအတိုင်း ကျင့်သုံးတာ ဖြစ်ပါတယ၊် KNU အနေနဲ့က တူတာတွဲလုပ်၊ မတူတာခွဲလုပ် ဆိုတဲ့မူပေါ့လေ"
ကရင်အမျိုးသားအစည်းအရုံးက ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ အဖွဲ့ဝင်အဖြစ်ကနေ ယာယီဆိုင်းငံ့လိုက်တယ်လို့ ကေအန်ယူ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ဒီဗွီဘီကို ပြောပါတယ်။

UNFCထိုင်းနိုင်ငံ ချင်းမိုင်မှာ သြဂုတ်လကုန်ပိုင်းက ကျင်းပခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ရဲ့ ညီလာခံကနေ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) နုတ်ထွက် ခဲ့တာဖြစ်သလို အဖွဲ့ဝင်အဖြစ်ကနေ ယာယီဆိုင်းငံ့ခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်ထွန်းမှုဟာ ယူအန်အက်ဖ်စီ အဖွဲ့ဝင်တွေပါဝင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရအကြား တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့ အချက် ၅ ချက်လောက် ကျန်ရှိနေချိန်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
http://www.kicnews.org


(ကေအဲန်ယူ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း)
http://www.kicnews.org (ကေအဲန်ယူ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း) ကေအန်ယူအထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းကို ဒီဗွီဘီသတင်းထောက် နော်နိုရင်းက စက်တင်ဘာာ ၁ ရက် မနက်ပိုင်းမှာ မေးမြန်းထားပါတယ်။

0 comments:

Post a Comment

KarenKweNewsGroup © 2008 Template by:
SkinCorner