တပ်မတော်နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ တင်းမာမှုလျှော့ရန် ဆွေးနွေး
ရန်ကုန် (မဇ္ဈိမ)။ ။ ကေအင်န်ယူ/ကေအင်န်အယ်လ်အေ
ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA Peace Council) နှင့် တပ်မတော် ခြေလျင်
တပ်ရင်း ၂၇၅ တို့ကြား အပြန်အလှန် အသိပေးအကြောင်းကြားစာများ ထုတ်
ပြန်နေခြင်း နှင့် ပတ်သက်၍ ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့်
ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နှင့်
ကရင်ငြိမ်းချမ်းရေးကောင်စီတို့ စက်တင်ဘာ လ ၁၈ ရက်က မြ၀တီမြို့တွင်
ညှိနှိုင်းခဲ့ကြသည်။

၂၀၁၄ ခုနှစ် သြဂုတ်လ ၂၀ ရက်က ကရင်ပြည်နယ် မြဝတီမြို့ ရွှေကုက္ကိုလ်မြိုင်တွင် ကျင်းပပြုလုပ်သည့် နယ်ခြားစောင့်တပ် (၄) နှစ်မြောက် အခန်းအနားတွင် လုံခြုံရေးယူထားသည့် နယ်ခြားစောင့်တပ် အထူးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ (ဓာတ်ပုံ - နန်းလွင်နှင်းပွင့်၊ မဇ္ဈိမ)
အစိုးရအဖွဲ့ဘက်မှ ခြေလျင်တပ်ရင်း ၂၇၅ တပ်ရင်းမှူး၊ ဗိုလ်မှူးကြီး အဆင့်တစ်ဦးနှင့် ခရိုင်ရဲမှူးကြီးတို့ ပါဝင်ခဲ့ကီာုဗြ အဖွဲ့မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ကြီး စောမိုရှေးနှင့် ကရင်ငြိမ်းချမ်းရေး ကောင်စီမှ မြ၀တီဆက်ဆံရေးရုံးတာဝန်ခံများသာ ပါဝင်ခဲ့ပြီး ကရင်ငြိမ်းချမ်းရေးကောင်စီ နယ်စပ်လုံခြုံရေးနှင့် ဖွံ့ဖြိုးရေး အထူးဗျူဟာမှူး ဗိုလ်မှူးကြီးတိုက်ဂါး တက်ရောက်ခဲ့ခြင်းမရှိဘဲ DKBA ၏ ဒုတိယ စစ်ဦးချုပ်ကို ဖုန်းဖြင့်ဆက်သွယ်၍သာ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည်။
ယနေ့နံနက်မြ၀တီတွင် ပစ်ခတ်မှုဖြစ် DKBA တဦးသေ တဦးဒဏ်ရာပြင်းထန်
19 September 2014 09:10(+0630) (လွန်ခဲ့သော ၁ နာရီ ခန့်က)
ယနေ့နံနက် ၂ နာရီခန့်က မြ၀တီမြို့ ကြံခင်းလမ်းတွင် မြန်မာစစ်တပ်နှင့် DKBA ပစ်ခတ်မှု ဖြစ်ပွားရာ DKBA တပ်ရင်း (၉၁၀)မှ ဗိုလ်လင်းနိုင် သေဆုံးပြီး ကျန်တဦး ဒဏ်ရာ ပြင်းထန်စွာရရှိပြီး မြ၀တီ ဆေးရုံ အရေးပေါ်ဌာနတွင် ရောက်ရှိနေသည်ဟု DKBA တပ်မှူးတဦး ကပြောသည်။
ပစ်ခတ်မှုကို အသေးစိတ် စုံစမ်းမှုများ ပြုလုပ်နေပြီး လုံးဝလက်မခံနိုင်သည့် ဖြစ်ရပ်ဖြစ်သည်ဟု DKBA တပ်မှူးကြီး တဦးကပြောပြီး မြန်မာအာဏာပိုင်များ ယခုဖြစ်ရပ်ကို ဖြေရှင်း ပေးရမည်ဟု ဆိုသည်။
ကြံခင်းလမ်းတွင် နေထိုင်သူတဦးက"ဖြစ်တာ ဟုတ်တယ် ဒီကေဘီအေနဲ့ နယ်ခြားစောင့်တပ် ပြည်သူ့စစ်ပူးပေါင်း အဖွဲ့လို့ကြားတယ်"ဟုပြောသည်။
မြ၀တီတွင် နှစ်ရက်ဆက်တိုက် ချိန်ကိုက်မိုင်းတွေ့ရှိ ပြီးနောက် အာဏာပိုင်များက လုံခြုံရေးကို တိုးမြှင့်ထားသည်ဟု ခရိုင်အဆင့် တာဝန်ရှိသူ တဦးက ယမန်နေ့က မီဒီယာသမားများကို ပြောသည်။
ယနေ့ပစ်ခတ်မှုနှင့် ပတ်သက်၍ DKBA မှ တပ်မှူးကြီး တဦးဖြစ်သည့် ဗိုလ်မှူးကြီးကျော်သက်က " ငါ့လူတယောက်သေရင် သူတို့လူဆယ်ရောက်သေရမယ်"ဟု ယနေ့နံနက်ပိုင်းက ပြောဆိုခဲ့သည်။
ချိန်ကိုက်မိုင်းများတွေ့ရှိမှုနှင့် နောက်ဆက်တွဲ ဖြစ်ရပ်များကြောင့် ပြည်သူများ ကျီးလန့်စာစား ဖြစ်နေကြရသည်ဟု မြ၀တီမြီု့ခံများ ကပြောဆိုနေကြသည်။
သတင်း - ကရင်အမျိုးသား(မီဒီယာ)
https://www.facebook.com/profile.php?id=100004061645399
ဓါတ်ပုံ - DKBA တပ်ဖွဲ့ဝင်များ ။
တပ်မတော်သားများကို ကရင်ပြည်နယ်အတွင်း မြို့တွင်း မြို့ပြင်သွားလာမှုများမပြုလုပ်ရန် စက်တင်ဘာလ ၁၇ ရက်က သတိပေးချက် ထုတ်ပြန်ခဲ့သော ကရင်ငြိမ်းချမ်း ရေးကောင်စီ၏ သတိပေးစာကို မည်သူထတ်ကြောင်း တပ်မတော်ဘက်မှ အာမခံ ခိုင်းခဲ့သည်ဟု အစည်းအဝေးပွဲပါဝင်ခဲ့သူ DKBA မြဝတီရုံး ဆက်ဆံရေးတာဝန်ခံ ဗိုလ်ကြီးစောစိုးမြင့်က ဆိုသည်။
““ဗျူဟာမှူးတိုက်ဂါးက ဒီစာကိုထုတ် တာ သူမသိဘူး၊ သူ့လက်မှတ်လည်း မထိုးခဲ့ဘူး။ ဒါကြောင့် ပြေလည်အောင် ဖြေရှင်းပေးပါလို့ ကျွန်တော်တို့ ဒု-စစ်ဦးစီးချုပ်ကို ဖုန်းဆက်ပြီး ပြောခဲ့လို့ ကျွန်တော်တို့တွေလည်း ပြေလည်အောင် ရှင်းခဲ့ပါတယ်။ တပ်ရင်းမှူးဘက်ကလည်း ဗျူဟာမှူး တိုက်ဂါးကို လက်နက်ကိုင် အဖွဲ့တွေ ၀ိုင်းပြီး ထိန်းပေးကြပါလို့ တောင်းဆိုခဲ့ပါတယ်” ဟုလည်း ပြောသည်။ အစည်းအဝေးနှင့် ပတ်သက်ပြီး ကရင်ငြိမ်းချမ်းရေးကောင်စီ ဗျူဟာမှူး ဗိုလ်မှူးကြီးတိုက်ဂါး၊ နယ်စပ်လုံခြုံရေးနှင့် ဖွံ့ဖြိုးရေး အထူးဗျူဟာတို့ထံ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့သော်လည်း မရခဲ့ပေ။
ညှိနှိုင်းခြင်းမပြုလုပ်ခဲ့ဘဲ မြဝတီမြို့တွင် လှုပ်ရှားနေသော တိုင်းရင်းသားအဖွဲ့များကို လက်နက်ကိုင်ဆောင် သွားလာခြင်း မပြုလုပ်ရန် တပ်မတော်ခြေလျင်တပ်ရင်း ၂၇၅ မှ အသိပေးစာပေးပို့ခဲ့ခြင်းကို တုံ့ပြန်မှု အဖြစ် ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါးက သတိပေးချက် ပြန်လည်ထုတ်ခိုင်းခဲ့သည်ဟု ကရင်ငြိမ်းချမ်း ရေးကောင်စီ၊ နယ်စဖလုံခြုံရေးနှင့် ဖွံ့ဖြိုးရေး အထူးဗျူဟာမှ ဒု-ဗိုလ်စောဆေးဝါးက စက်တင်ဘာလ ၁၇ ရက်က မဇ္ဈိမကို ပြောခဲ့သည်။
ထိုသို့ အငြင်းပွားမှုများသည် ဘားအံ မြို့ရဲစခန်းသို့ ကရင်ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင်များ လက်နက်အပြည့်အစုံဖြင့် လာရောက်ခြင်း၊ မြဝတီမှ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ သွားရောက်သော မြန်မာနိုင်ငံသားများကို ထိုင်းရဲများက နည်းမျိုးစုံ ဖြင့် ငွေကြေးတောင်းယူမှုများ ရပ်တန့်စေရန် ကရင်ငြိမ်းချမ်းရေး ကောင်စီနှင့် DKBA အဖွဲ့တို့ ပေါင်း၍ မြဝတီမြို့တွင်း ရောက်ရှိနေသည့် ထိုင်းကုန်ကားများကို တားမြစ်ခြင်းတို့ ပြုလုပ်အပြီး ပေါ်ပေါက်လာခြင်း ဖြစ်သည်။
0 comments:
Post a Comment