Karen Traditional Wrist Tying Ceremony 2014 (Buffalo)
ကရင်စာကို တတ်အောင်သင်ပါသူငယ်ချင်း
ကရင်စာကို တတ်အောင်သင်ပါသူငယ်ချင်း
August 20, 2014
Tuesday
By မင်းစိုးစံ
သူငယ်ချင်းရေ ခြည်ဖြူဖွဲ့တဲ့လ လွန်လာခဲ့ပြီပေါ့ကွာ။
မင်းနဲ့ငါလည်း Beer ရှာဝယ်ပြီးခဲ့တဲ့နေ့ကစ,ပြီး ပြန်မတွေ့ဖြစ်တာ ဒီနေ့အထိပဲနော်။
ပွဲပြီးမီးသေ ဆိုတဲ့စကားပုံလို အားလုံးဟာ ငြိမ်ကျသွားတယ်သူငယ်ချင်း။
ငါကတော့ မငြိမ်နိုင်သေးဘူး၊ Internet ကနေ ကမ္ဘာ့နိုင်ငံအသီးသီးမှာကျင်းပ,တဲ့ ကရင့်ရိုးရာခြည်ဖြူဖွဲ့ပွဲပုံရိပ်
တွေကို လိုက်ကြည့်နေမိတယ်။
ဘာတွေများထူးထူးခြားခြား ပျက်ဆီးယိုယွင်းနေသလဲပေါ့။
ငါက ပျက်ဆီးယိုယွင်း ဆိုတဲ့စကားလုံးကို သုံးလိုက်လို့နားထဲ ထော်လ်ာကန့်လန့်ဖြစ်သွားလား။
ချို့ယွင်းအားနည်းချက်လို့ သုံးချင်တာပေါ့ကွာ၊ ချို့ယွင်းအားနည်းချက်ကိုမသုံးတာက ချို့ယွင်းအားနည်းချက်တွေ
က နှစ်စဉ်မပျက်ဖြစ်မြဲဖြစ်နေသလို တဆ,ထက်တဆ,ပိုကဲလာလို့ ဘာတွေများထူးထူးခြားခြား ပျက်ဆီးယို
ယွင်းနေသလဲဆိုတဲ့
စကားလုံးကိုသုံးလိုက်ရတာပါ။
စိတ်တော့မကောင်းဘူး။(ရူးနေတာမဟုတ်ဘူး၊ ရူးချင်နေတာ)
ငါ ဘာတွေသွားတွေ့သလဲဆိုတော့ ကရင့်အမျိုးသားအာဇာနည်နေ့နဲ့ ကရင့်ရိုးရာခြည်ဖြူဖွဲ့ပွဲတော်ကို ပေါင်း
လုပ်တဲ့သတင်း တွေ့တယ်ကွာ။
ပြီးတော့ စာလုံးပေါင်းမှားနေတဲ့ အခမ်းအနားနဖူးစီးစာတမ်း တခုတွေ့တယ်ကွာ။
ငါ ဘာမျှဆက်ပြီး မကြည့်ဖြစ်တော့ဘူး။
ဆိုလိုတာကတော့ ကောင်းတာလေးတွေကို ရှာကြည့်ဘို့စိတ်မရှိတော့ဘူး။
လူမျိုးတမျိုးမျိုး၊ ဘာသာစကားတမျိုးမျိုး၊ မျိုးရိုးဗီဇ,တမျိုးမျိုး၊ ဘာသာစာပေတခုခု၊ နိုင်ငံတနိုင်ငံ၊ မြို့တမြို့၊မြို့၊၊ မြစ်
တစင်းစင်း၊ ရေကန်တကန်ကန်၊ ကမ္ဘာမြေပြင်ပေါ်ကနေ ဆိတ်သုဉ်းပျောက်ကွယ်သွားတယ်ဆိုတာ အခုချက်
ချင်းကြီး ရုတ်တရက်ကွယ်ပျောက်ပျက်ဆီးသွားတာမျိုးမဟုတ်ဘူး။
တဖြည်းဖြည်းချင်းမသိမသာနဲ့တမျိုး သိသိသာသာနဲ့တဖုံ ယုတ်လျှော့လာရာကနေ တခုလုံးတစုံလုံးပျောက်
သွားတာ။
အဲဒီအတိုင်းပဲ ဒီကနေ့ငါတို့ ကရင်လူမျိုးတွေ စုစည်းညီညွတ်မှု လိုအပ်နေတာ အားလုံးအသိ။
အဲဒီလိုအပ်ချက်ကိုသိလျင် မစည်းလုံးမညီညွတ်နိုင်ဖြစ်နေတဲ့ အကြောင်းရင်းက ဘာလဲဆိုတာ ပထမဆုံးသိ
ဘို့ ကြိုးစားရမယ်ကွ။
ဒီလိုသိအောင်ကြိုးစားကြတဲ့နေရာမှာ ဘက်ပေါင်းစုံ ရှုထောင့်စုံကနေ လာတဲ့အကြောင်းအချက်တွေကိုလက်
ခံနိုင်ရမယ်။ လက်ခံရဲရတယ်။
ပြီးတော့ တချက်ချင်းစီရဲ့ အကြောင်းအရာကို ဝေဘန်သုံးသပ်နိုင်ရမယ်။ ဝေဘန်သုံးသပ် ရဲရတယ်။
ဆိုလိုချင်တာက ဘာသာစာပေမတူတာတခုတည်းကြောင့် ငါတို့ကရင်တွေ မစုစည်းနိုင်တာ လို့ ပြောလာ
လျင် ဒါဟာအဖြေမှန်ဟုတ်ရဲ့လား။
ကိုးကွယ်ယုံကြည်မှု မတူတာတခုတည်းကြောင့်ဆိုလျင် ဖြစ်နိုင်ပါ့မလား။
ပြောဆိုကြတဲ့ ဘာသာစကားကွဲပြားလို့ ကရင်တွေမညီမညွတ်တာ ဆိုတဲ့အကြောင်းပြချက်တခုတည်းနဲ့ အ
ဖြေကလုံလောက်ပြီလို့ မင်းပြောမလား။
ဗမာစစ်အစိုးရရဲ့ နှစ်ပေါင်းများစွာဖိနှိပ်ရက်စက်မှုကြောင့်ဆိုတဲ့ အဖြေတခုတည်းကပဲ ငါတို့ ကရင်တွေကွဲရ
တာလို့ ပြောလျင် မင်းဘယ်လိုထင်မှာလဲ။
ငါ့အမြင်ကတော့ ပြဿနာတရပ်ကိုဖြေရှင်းကြတဲ့အခါ ဖြစ်ပေါ်လာရတဲ့အကြောင်းရင်းကိုရှာရမယ်။
အကြောင်းရင်းကိုရှာပြီးမှ ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့ နည်းကိုရှာရမယ်။
နည်းရမှဖြေရှင်းတဲ့အခါမှာ လွယ်လွယ်ကူကူနဲ့ မှန်ကန်တိကျတဲ့အဖြေကိုရမယ်။
ပြဿနာရှင်းမယ်။
ပြဿနာတခုဖြစ်လာတာဟာ အကြောင်းအရာတခုတည်းကြောင့်လို့ ထင်မြင်ယုံကြည်နေသမျှကာလ,ပတ်လုံး
ပြဿနာရှင်းမှာမဟုတ်ဘူး။
ပုဂ္ဂိုလ်စွဲ၊ ဘာသာစွဲ၊ ဒေသ,စွဲ၊ ရှိနေသမျှကာလ,ပတ်လုံး ပြဿနာက ဘယ်နည်းနဲ့မျှရှင်းနိုင်မှာမဟုတ်ဘူး။
ဘာသာစွဲဆိုလို့ ပြောရဦးမယ်။
ခရစ်ယာန်ကျောင်းတော်မှာ အစည်းအဝေးလုပ်လို့ သခင်ယေရှုထံက စည်းဝေးပွဲတခု အေးအေးဆေးဆေး
နဲ့ အောင်မြင်ပြီးမြောက်စေဘို့ ခွန်အားတောင်းခံတာကို ဘာသာရေးအစွန်းရောက်တယ်လို့ မင်းပြောမလား။
ဗုဒ္ဓကျောင်းတော်မှာ အစည်းအဝေးလုပ်လို့ နမောတဿ သုံးကြိမ်ရွတ်တာကို ဘာသာရေးအစွန်း ရောက်တယ်
လို့ မင်းပြောမလား။
ငါတို့လုပ်နေတာ အမျိုးသားရေး ဘာသာရေးနဲ့မရောနဲ့။ ခရစ်ယာန်ကျောင်းမှာ ၀တ်ပြုဆုတောင်းတာမလုပ်နဲ့။
ဗုဒ္ဓကျောင်းမှာ နမောတဿမရွတ်နဲ့ ဆိုတာ ဖြစ်သင့်သလား။
မင်းစဉ်းစားနိုင်အောင် အလွယ်ဆုံးဥပမာတခုပေးမယ်၊ မင်းက အသားငါးကို နေ့တိုင်းစားတဲ့လူ၊ ငါက အ
သားငါး လုံးဝ,မစားတဲ့လူ၊ မင်းအိမ်ကိုသွားလည်တဲ့အချိန်မှာ ဟေ့ကောင် မင်းတို့အိမ်မှာ အသားဟင်းလုံးဝ,
မချက်ရဘူး လို့ ငါပြောမယ်ဆိုလျင် မင်းငါ့ကို ဘယ်လိုမြင်မလဲ။ မင်းရဲ့မိသားစုဝင်တွေက ငါ့ကိုဘယ်လိုမြင်
ကြမလဲ။ ဥပမာပြောတာနော်။
မင်းကအရက်မသောက်ရလျင် မနေနိုင်တဲ့လူ၊ ငါက အရက်လုံးဝ,မသောက်တဲ့လူ၊ မင်းအိမ်ကို ငါအလည်အ
ပတ်သွားတဲ့အချိန်မှာ မင်းရေခဲသေတ္တာထဲက Beer ဗူးတွေ၊ ပုလင်းတွေကို လွှင့်ပစ်လိုက်ကွာ လို့ပြောလျင်
မင်းရင်ထဲမှာ ဘယ်လိုခံစားရမလဲ။
အေး အဲဒီလိုပဲ ဗုဒ္ဓကျောင်းတော်မှာအစည်းအဝေးလုပ်လို့ နမောတဿရွတ်မယ်ဆိုလျင် ရွတ်ပါစေ၊ ခရစ်ယာန်
ကျောင်းတော်မှာ အစည်းအဝေးလုပ်လို့ ၀တ်ပြုဆုတောင်းမယ်ဆိုလျင် ဆုတောင်းပါစေ။
ဒါဟာ သဘောထားကြီးကြောင်းပြတာပဲ။
တားမြစ်တာ ကန့်ကွက်တာ ပိတ်ပင်တာမျိုး လုံးဝ,မလုပ်သင့်ပါဘူး။
ဘာသာတရားကို ငါတို့လူမျိုးတမျိုးတည်း ပိုင်တာမဟုတ်ဘူး။
ဘာသာတရားဆိုတာ ငါတို့လူမျိုးတမျိုးတည်းနဲ့ ဆိုင်တာမဟုတ်ဘူး။
နမောတဿရွတ်တာလည်းမကြားချင်ဘူး၊ ၀တ်ပြုဆုတောင်းတာလည်း နားမထောင်ချင်ဘူးဆိုလျင် ဘာသာတ
ရားရဲ့ အရိပ်အာဝါသ,နဲ့ ကင်းရှင်းတဲ့အဆောက်အဦးတခုခုမှာ သွားလုပ်ကြတာအကောင်းဆုံးပဲ။
ဘယ်လိုလဲ မင်းလက်ခံနိုင်ရဲ့လား။
အေးစောစောကပြောခဲ့တဲ့ ပြဿနာဆိုတာကို ဆက်ရအောင်။
ပြဿနာတခုဖြစ်ပေါ်လာရခြင်းရဲ့ အကြောင်းရင်းကိုရှာတဲ့အခါမှာ အကြောင်းအရာတခုတည်းကြောင့်နဲ့တော့ မ
ဖြစ်နိုင်ဘူး၊ အကြောင်းအချက်တွေတခုထက်မက,ရှိနေနိုင်တယ်။
အဲဒီအကြောင်းအချက်တခုချင်းစီရဲ့ ဖြေရှင်းရမယ့်နည်းဆိုတာကလည်း တခုတည်းမဟုတ်ဘူး၊ တခုမ က,ရှိ
နိုင်တယ်။ ဥပမာ စာပေတွေအမျိုးမျိုးကြောင့် စုစည်းမှုပျက်ပြားရတယ်ဆိုပြီး စာပေတခုတည်းဖြစ်အောင် လုပ်
လိုက်ကြစို့ ဆိုတဲ့နည်းတခုတည်းက ပြဿနာရပ်ကိုအမြစ်ပြတ်ဖြေရှင်းနိုင်မယ်ထင်သလား။
ငါတို့အားလုံး စုစည်းညီညွတ်အောင် အမျိုးသားယဉ်ကျေးမှုဓလေ့ထုံးစံတွေခိုင်မာအောင် တည်တံ့အောင်
လူမျိုးစုတစုနဲ့တစု နားလည်မှုရှိလာအောင် ရောက်တဲ့နေရာ ရောက်တဲ့ဒေသ,တိုင်းမှာ ကုန်ကုန်ပြောမယ် က
ရင်ရှိတဲ့ နေရာတိုင်းမှာ နှစ်တိုင်းအစဉ်လာမပျက် အခမ်းအနားတွေလုပ်ကြတယ်။
တကယ်စည်းစည်းလုံးလုံးရှိကြရဲ့လား။
မင်းရော သူရော ငါရော အားလုံးအသိ။
မလိမ်နဲ့၊ အခမ်းအနားတိုင်းလိုလို အခက်အခဲတွေ အကဲစမ်းမှုတွေ အမြဲတမ်းကြုံကြရတာပဲမဟုတ်လား။
အခုပဲကြည့် ကရင့်အမျိုးသားအာဇာနည်နေ့နဲ့ ကရင့်ရိုးရာခြည်ဖြူဖွဲ့ပွဲကို တနေ့တည်းကျင်း ပ,ကြတယ်ဆိုက
တည်းက ဒါဟာထင်ရှားတဲ့စိမ်ခေါ်အကဲစမ်းမှုတရပ်ပဲလို့ ငါမြင်တယ်။
ငါရှင်းပြမယ် August 09 စနေနေ့မှာလုပ်တယ်ဆိုတာ သတင်းထဲမှာရေးထားတယ်။
ဘာကြောင့်ခွဲပြီးမလုပ်ကြတာလဲ။
ခြည်ဖြူဖွဲ့ပွဲကို စနေနေ့မှာလုပ်လျင် အာဇာနည်နေ့ကို တနင်္ဂနွေနေ့မှာ လုပ်ပေါ့။
အာဇာနည်နေ့ကို စနေနေ့မှာလုပ်လျင် ခြည်ဖြူဖွဲ့ပွဲကို တနင်္ဂနွေနေ့မှာ လုပ်ကြပေါ့။
အခုတော့ကွာ တနေ့တည်းပေါင်းလုပ်ရတယ်လို့။
ကရင့်အမျိုးသား အာဇာနည်တွေဆိုတာ ကရင်လူမျိုးအတွက် အသက်၊ သွေး၊ ချွေး၊ ဘ၀, အစ,စ, စွန့်လွှတ်
ခဲ့ကြတဲ့ သူရဲကောင်းအကျော်အမော်တွေ၊ ပါချီပါချက် ပုဂ္ဂိုလ်တွေမဟုတ်ဘူး၊ ကလေကချေတွေမဟုတ်ဘူး။
သူတို့ကိုဂုဏ်ပြုတဲ့အနေနဲ့ မင်းတို့ငါတို့တတွေ သူတို့အတွက် သီးသန့်နေ့လေးတနေ့ မပေးသင့်ဘူးလား။
ဒီလိုလုပ်လိုက်ဟာ အာဇာနည်တွေရဲ့ ပေးဆပ်ထားခဲ့သမျှကို အသိအမှတ်မပြုရာရောက်မနေဘူးလား။
အာဇာနည်တွေရဲ့ ဂုဏ်သိက္ခာကို ရိုက်ချိုးပစ်ရာ မရောက်ပေဘူးလား။
တနည်းပြောမယ်ဆိုလျင် ဒီလိုလုပ်တာဟာ ကရင့်အာဇာနည်သူရဲကောင်းတွေရဲ့ အခန်းကဏ္ဍကို သေးသိမ်
မှေးမှိန်အောင် လုပ်တာနဲ့အတူတူပဲ။
ကမ္ဘာကလေးစားရတဲ့ ကိုယ့်အမျိုးသားခေါင်းဆောင်တွေကို ဒီလိုပုံစံနဲ့ဂုဏ်ပြုတာမျိုးကတော့ ကမ္ဘာမှာ ကရင်
လူမျိုးတမျိုးပဲရှိမယ်ထင်တယ်။
အံ့ဘွယ်သုတစာရင်းထဲ ထည့်လိုက်ရကောင်းမလားပဲ။
ငါရေးရင်းရေးရင်းနဲ့ ပြန်ဘတ်ကြည့်တယ်၊ ကိုယ့်ထမင်းထုပ်ကို ကိုယ်တိုင်ဖြီပြသလို ဖြစ်နေပြီ။
ထားလိုက်တော့၊ အခမ်းအနား နဖူးစီးစာတမ်းမှားတာကို ပြောပြမယ်။
ဘာကြောင့်မှားသလဲဆိုတာ ငါသိတယ်။
အဓိက,အချက်က ကရင်စာမတတ်တဲ့လူတွေကြောင့် မှားတယ်။
ဘာကြောင့် ကရင်စာမတတ်သလဲ။
ကိုယ့်လူမျိုးကို ချစ်ရကောင်းမှန်းမသိလို့ မတတ်တာပဲ။
သင်မှမသင်ကြတာ။
တရုတ်စာ တတ်တယ်၊ ထိုင်းစာ တတ်တယ်၊ ဗမာစာ တတ်တယ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ စပန်းနစ်၊ ကိုရီးယား၊
မလေးရှား တတ်တယ်။
သင်တာကိုး တတ်မှာပေါ့။
အဲဒါ ကိုယ့်အမျိုးထက် အခြားတပါးသောအမျိုးကို ချစ်လို့ပဲ။
နာလား။ အဲဒီလိုပြောလို့ နာသလား။
နာတတ်လျင် ကရင်စာသင်ကြ။
ကရင်လို့ ကိုယ့်ကိုယ်ကိုပြောပြီး ကရင်စာလေးတောင်မသင်ချင်ဘူးဆိုလျင် နောက်ဆို ကိုယ့်ကိုယ်ကို ကရင်
လို့မပြောနဲ့တော့။
သူငယ်ချင်း မင်းရော ကရင်စာဘတ်တတ်သလား။
ဘတ်တတ်လျင် အောက်က နဖူးစီးစာတမ်းကိုဘတ်ကြည့် ဘယ်စာလုံးမှားနေလဲ။
အေး မင်းလည်းကရင်စာမတတ်သေးဘူးဆိုလျင် မင်းဟာ ကရင်လူမျိုးအတွက် ဘယ်လောက်ပဲလုပ်နေပါ
တယ် ပြောပြော တပါးအခြားသောလူမျိုးတွေလောက် ကိုယ့်လူမျိုးကိုမချစ်သေးဘူးလို့မှတ်ထား။
နာစမ်း။ မခံမရပ်နိုင်အောင်ကို နာ။
ဒီလိုပြောတဲ့ငါ့ကို ကြိုက်သလို အားရပါးရဆဲပစ်။
ပြီးလျင် ကရင်ကိုကရင်ချစ်တဲ့စိတ်ကိုမွေးပြီး ကရင်စာကိုသင်။
ဒါပဲသူငယ်ချင်း။
ကျန်းမာချမ်းသာကြပါစေ။
TV News
Burmese Website
ဆောင်းပါးအချို့
The Royal Karen 0f Burma
KIC Newsletter April-May
Karen dictionary
ဖူ့ဒိုက်ကော်
အရှေ့ပိုင်းကရင် ခလောက်နို့ပုံပြင်များ_ဒုတွဲ_
မီးမုန်တိုင်း
ဖူးစကောလယ်တော
ဗိုလ်ချုပ်ကြီးစောဘိုမြ
ဒေါက်တာတီသံပြာ
မန်းဘဇန်နှင့်ကရင့်တော်လှန်ရေး
ဖြေရှင်းရမယ့် တိုင်းရင်းသားအရေး
ဖူးကျော်သောင်း၏အထုပ္ပတ္တိ ကျနော်နှင့်ကရင်ပညာတတ်မိတ်ဆွေများ မုန်တိုင်းကိုဆန်၍ပင်လယ်ပြင်ကိုဖြတ်သောခါ ကရင်လူမျိုးနှင့်ပြည်ထောင်စုစိတ်ဓါတ်
Wednesday, August 20, 2014
Karen Traditional Wrist Tying Ceremony 2014 (Buffalo) 21/8/14
Subscribe to:
Post Comments (Atom)
Karen Website
ကရင်ဝက်ဆိုက်များ
- ကေအိုင်စီသတင်းဌာန
- ဇွဲကပင်
- kareneducation
- ကေအဲန်ယူ(ဂျပန်)
- ကော်သူးလေ
- Karenunited
- ဇွဲကပင်(ဂျပန်)
- ကရင်အမျိုးသားအဖွဲ့ချုပ်(ဂျပန်)
- မြစ်သံလွင်စောင့်ကြည့်ရေးအဖွဲ့
- ဘက္ကဖီးကရင်
- ကော်သူးလေ
- တောင်ကလေးရိပ်သာ
- ဒရမ်ပုံနှိပ်ထုတ်ဝေရေးအဖွဲ့
- ဆွီဒင်ကရင်အဖွဲ့
- ကွယ်ကလူကရင်ဝက်ဆိုဒ်
- ကနေဒါကရင်ဝက်ဆိုဒ်
- ကရင်နှစ်ခြင်းခရစ်ယာန်များ
- ကရင်မြစ်ချောင်းစောင့်ကြည့်ရေး
- ကရင်သူငယ်ချင်းများ
- ကရင်လူ့အခွင့်ရေးအဖွဲ့
- ကရင့်ဒီမိုကရေစီ
- ကရင်ကျောင်းဆရာဆရာမများ
- ကရင်အမျိုးသားအစည်းအရုံး
- ကရင်အမျိုးသားတပ်မတော်
- တောင်ပေါ်ကရင်မျိုးနွယ်စု
- သြစတြေးလျားကရင်လုငယ်စီမံကိန်း
- ကရင်နည်းဗျူဟာလေ့လာရေး
- ကရင်းဒုက္ခသည်ကွန်ယက်
- မန်နီဇိုးထကရင်အဖွဲ့
- အမေရိကန်ကရင်ကွန်မြူနတီ
- နိုင်ငံတကာကရင်ဝက်ဆိုဒ်
3 Great Days
Karen Bloggers
အိမ်မက်လွင်ပြင်
ဖားစည်သံ
ကော်သူးလေ
KCA (UK)
ဖီးအဲမာ
ငြိမ်းချမ်းရေးဘလော့
Mahn Soekamaw
ကိုးဒီသွေး
မြစ်နဒီကိုးသွယ်
မန်းကိုကို
Karen Kwe News
ကညောကော်ခီးလာ
နုလုံးသားနှင့်နားဆင်ပါ
KNL Japan
ကညောကော်
ဖူ့ တာမိက်
ချစ်သောသံလွင်
စောကျော်လေး
ယိုရှီးရာ
အဲခေါင်သောင့်
OKRSO
ဇွဲကပင်(ကျော်ခရော့စ်)
Ka Nyaw Po
Going Home Where We Belong
HILL LIGHT THEOLOGICAL COLLEGE
အမိကရင်ပြည်
စောနေအေး
Karen United.com
စောကျော်ခွီ
ပထီးပကော်
Freedom
ဘာဘလူးမူး
ကရင်လူငယ်အစည်းအရုံး (ကိုရီးယား)
ပဒိုမန်းရှာ အမှတ်တရ
စောလင်းနက်စ်
Karentime
ဇွဲကပင် (KDA)
ကရင်အမျိုးသားမိတ်သဟာရအဖွဲ့ (ကိုရီးယား)
0 comments:
Post a Comment