Wednesday, August 6, 2014

46 years Karen Populations in burma 07/08/14

ဗမာပြည်မှာ ၄၆နှစ်လုံးလုံး လူဦးရေလုံးဝ,တိုးမလာတဲ့ လူမျိုး



ဗမာပြည်မှာ ၄၆နှစ်လုံးလုံး
လူဦးရေလုံးဝ,တိုးမလာတဲ့ လူမျိုး

By ပွင့်ဆန်း

၁၉၃၇ခုနှစ်၊ မြန်မာနိုင်ငံ လူဦးရေစာရင်းအရ ကရင်လူမျိုး (၃)သန်းကျော်ရှိပြီး ၁၉၈၃ခုနှစ် သန်းခေါင်စာရင်း
မှာလည်း ကရင်လူမျိုး (၃)သန်းကျော်သာရှိကာ ကရင်လူမျိုးများ လူဦးရေတိုးနှုန်း ရပ်တန့်နေသည့်အပေါ် က
ရင်ပြည်နယ် (USDP) ပါတီအတွင်းရေးမှူး ဦးစောထားလုံက မေးမြန်းရာ ကုလသမဂ္ဂ (UNFPA)လူဦးရေနှင့်
သန်းခေါင်စာရင်းပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်က
“၁၉၃၇ ခုနှစ် နှင့် ၁၉၈၃ ခုနှစ်မှာ ကရင်လူမျိုးရဲ့အရေအတွက် (၃)သန်း၊ (၃)သန်းဖြစ်နေတဲ့အရာက ထူး
ဆန်းပါတယ်”ဟု ၂၀၁၄ ဇူလိုင် (၂၇) ရက်နေ့က ဘားအံမြို့၌ ပြောကြားလိုက်သည်။

“၁၉၃၇ ခုနှစ်၊ မြန်မာနိုင်ငံ လူဦးရေစာရင်းကောက်တော့လည်း မြန်မာတစ်နိုင်ငံလုံးမှာ ကျွန်တော်တို့ ကရင်
လူမျိုးတွေရဲ့ ဦးရေ (၃)သန်းကျော်ရှိပါတယ်။
၁၉၈၃ သန်းခေါင်စာရင်းကောက်ပြန်တော့လည်း ကျွန်တော်တို့ကရင်လူမျိုးတွေရဲ့ လူဦးရေက(၃)သန်းကျော်
ပဲရှိပါတယ်။
အဲဒီကြားထဲက ကရင်လူမျိုးတွေက ဘာကြောင့် မတိုးလာတာလည်းဆိုတာ သိလိုပါတယ်”
ဟု ကရင်ပြည်နယ်(USDP) ပါတီမှ ကိုယ်စားပြု မေးမြန်းခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂမှ လူဦးရေနှင့် သန်းခေါင်စာရင်းပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် (အာဂျင်တီးနားနှင့် ကနေဒါနိုင်
ငံသား)များ ကရင်ပြည်နယ် ဘားအံမြို့သို့ ရောက်ရှိလာပြီး ဇူလိုင် (၂၇)ရက်နေ့တွင် လူငယ်များ၊ အမျိုးသမီး
များ၊ နိုင်ငံရေးပါတီများကို လူဦးရေနှင့် သန်းခေါင်စာရင်းဆိုင်ရာများ တွေ့ဆုံဆွေးနွေးခဲ့ကြစဉ် ယင်းကယ့်သို့
ပြောကြားခဲ့ခြင်းဖြစ်သည်။

ကရင်လူမျိုးများ သာမန်လူဦးရေတိုးနှုန်း ရပ်တန့်နေရသည့်အပေါ် ကုလသမဂ်္ဂတာဝန်ရှိသူက
“၁၉၃၇ နဲ့ ၁၉၈၃ ခုနှစ်မှာ ကရင်လူမျိုးရဲ့အရေအတွက် (၃)သန်း။
(၃)သန်းဖြစ်နေတဲ့အရာက ထူးဆန်းပါတယ်။
အမှန်က ပုံမှန်လူဦးရေတိုးနှုန်းဆိုတာရှိပါတယ်။
ကျွန်တော်ကိုယ်တိုင်မနုဿ ဗေဒပညာရှင်မဟုတ်တဲ့အတွက် သန်းခေါင်စာရင်းပညာရှင်ရှုထောင့်အနေနဲ့ (၃)
သန်းကိစ္စကိုပြောပြချင်ပါတယ်။
ဖြစ်နိုင်ချေရှိတာကို ပြောပြချင်တာပါ။

အဲဒီကာလအတောအတွင်းမှာ အဲဒီဒေသမှာရှိတဲ့လူတွေဟာ အဲဒီအရပ်ဒေသကို စွန့်ခွာပြီး တစ်ခြားနယ်မြေ
ထဲရောက်ရှိနေထိုင်သွားတာမျိုးဖြစ်ခဲ့ရင်သော်လည်းကောင်း။
လူတွေအများကြီးက တစ်ခြားဒေသကိုသွားပြီးအလုပ် လုပ်နေတာမျိုးသော်လည်းကောင်း။
သိတာတဲ့လူဦးရေတိုးနှုန်းမရှိတာ မျိုးဖြစ်တတ်ပါတယ်။

နောက်တစ်ခုက ကိုယ့်ကိုယ်ကို ကရင်လူမျိုးလို့ မယူဆ,တော့ဘူး။
အခြားတိုင်းရင်းသားလူမျိုးရဲ့ အောက်ထဲမှာထည့်လိုက်တဲ့ ဟာမျိုးဆိုရင်လည်း ဖြစ်တတ်ပါတယ်။
အဲဒီလိုထည့်တတ်တဲ့ အကြောင်းအရင်းက ယဉ်ကျေးမှု ဓလေ့စရိုက်ပြောင်းလဲသွားတာမျိုး၊ အခြားတိုင်းရင်း
သားနဲ့လက်ထပ်လိုက်လို့ မွေးလာတဲ့ကလေးတွေ ကပြားဖြစ်လာတဲ့အခါ ကရင်တိုင်းရင်းသားအောက်ကို မ
ခံယူတော့ဘဲ အခြားတိုင်းရင်းသား အောက်ခံယူသွားတာမျိုးသော်လည်းကောင်း။
ဖြစ်ခဲ့မယ်ဆိုရင် လူဦးရေတိုးနှုန်းမပြောင်းလဲဘဲ ရပ်တန့်နေတာမျိုးရှိတတ်ပါတယ်။

နောက်တစ်ခုဖြစ်နိုင်တာကတော့ ၁၉၃၇ခုနှစ်မှာ ကောက်တဲ့လူဦးရေ အရေအတွက် မှားယွင်းစွာကောက်ယူ
ခဲ့မိတာမျိုးသော်လည်းကောင်း။
၁၉၈၃ ခုနှစ်သန်းခေါင် စာရင်းမှာ ကောက်ယူတဲ့စာရင်းသည် ကောက်ယူမှုမှားယွင်းမှုရှိခဲ့ ရင်သော်လည်း
ကောင်း။
လူဦးရေတိုးနှုန်း မပြောင်းလဲဘဲရှိတတ်ပါတယ်။
ဒေသတစ်ခုရဲ့ အသေးစိတ်အခြေအနေကိုတော့ ကျွန်တော်မသိနိုင်ပါဘူး”
ဟု ကုလသမဂ္ဂ တာဝန်ရှိသူက ပြောကြားသည်။

ယင်းတွေ့ဆုံပွဲ၌ ဂေခို၊ ဂေဘားလူမျိုးစုကိစ္စရပ်များနှင့်ပတ်သက်ပြီး ဦးစောထားလုံမှ ဆက်လက်မေးမြန်းရာ
ကုလသမဂ္ဂ တာဝန်ရှိသူများက ဖြေကြားခဲ့ပြီး ၂၀၁၄သန်းခေါင်စာရင်းထုတ်ပြန်ချက်ကို ယခုနှစ် သြဂုတ်လ
တွင် လည်းကောင်း၊ ၂၀၁၅ မေနှင့် ဇွန် လများတွင်လည်းကောင်း၊ ၂၀၁၆ နှစ်ဆန်းပိုင်းတွင်လည်းကောင်း၊
(၃)ကြိမ်ခွဲပြီး ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသွားခဲ့သည်။

ပွင့်ဆန်း

Copy from http://www.hotnewsweekly.com/node/2983
မှတ်ချက်။

နှစ်ပေါင်းလေးဆယ့်ခြောက်နှစ်အတွင်း ကရင်လူဦးရေမတိုးပဲရပ်နေတာဟာ ကရင်ဖြစ်ပြီး ဗမာနာမည်ထည့်
သုံးတဲ့လူတွေနဲ့ နာမည်ရှေ့မှာ အင်္ဂလိပ်နာမည်သုံးတာလည်း ပါမယ်ထင်တယ်။
ဥပမာ ဦးမန်းစောဘု၊ ဦးဆစ်ဒနီလူနီ၊ ဒေါ်နော် ခရစ္စတီ ဘာညာဘာညာ ပေါ့။
အထင်ပြောတာနော်။

မိမိကြိုက်နှစ်သက်တဲ့ အနံ့ကို အနားမှာထား



ရေမွှေးကို ခုတင်နားမှာထား

အနံ့နဲ့ အရသာ အာရုံဟာ လူတွေရဲ့ မှတ်ဥာဏ်ကို ပိုမို ခိုင်မြဲ လာစေနိုင်ပြီး ပျော်ရွှင်မှုကို ဆောင်ကြဉ်းလာ
စေနိုင်ကာ ဦးနှောက်ညောင်းမှုကှို ပြေစေနိုင်တယ်။
ဒါကြောင့် ကိုယ်ကြိုက်တဲ့ ရေမွှေးနဲ့ သစ်သီး အပါအဝင် အနံ့ကောင်းတဲ့ပစ္စည်းတွေကို ခုတင်နားမှာ ဒါမှမ
ဟုတ်ရင် ရုံးစားပွဲပေါ်မှာ တင်ထားတာဟာ အကျင့်ကောင်းပဲ ဖြစ်ပါတယ်။

Copy from http://myanmar.cri.cn/696/2014/07/30/1s32261.htm

ကျုပ်ကြိုက်တဲ့အနံ့တွေကို အနားမှာထားထားရတာက ဆာလျင် အလွယ်လေးစားလို့ရတယ်။
လူတိုင်းမကြိုက်ပေမယ့် အခက်အခဲသိပ်မရှိဘူး။
ဒူးရင်းသီးကျတော့ လူတိုင်းမကြိုက်ကြဘူးလေ။
ရေမွှေးနံ့ ဆိုလျင် ပိုဆိုးမလားမသိဘူး။
ဒါကြောင့် သစ်သီးတွေကို အနားမှာထားတာကမှ ဧည့်သည်တွေအတွက် ပိုအဆင်ပြေတာပေါ့။

0 comments:

Post a Comment

KarenKweNewsGroup © 2008 Template by:
SkinCorner