ဗိုလ်ချူပ်ကြီး စောတာမလာဘော ဈာပန အခမ်းအနား (ရုပ်သံ)
"ကျနော်သူ့ ရဲ့သဘောထားကိုသိတယ် ကျနော်သူ့ ရဲ့စိုးရိမ်မှုတွေကိုသိတယ် သို့ ဖြစ်ပါ၍ သူ့ သဘောထားနှင့်သူ့ စိုးရိမ်မှုတွေရဲ့အဓိပါယ်ဖွင့်ဆိုချက်တွေကို ကျနော်ကောင်းကောင်းသဘောပေါက်နားလည်တယ်။ သူ့ စိုးရိမ်မှုတွေကို ကျနော်ပျောက်ကွယ်သွားအောင် လုပ်မှာမဟုတ်ဘူး။ ကျနော်ကိုယ်စွမ်းရှိသလောက်ကျနော် အကောင်အထည်ဖေါ်မယ်လို့ သံဓိဌာန်ချထားပါတယ်။ သည့်ပြင် ဗိုလ်ချူပ်တာမလာဘောနှင့်အတူ အသက်ပေးလှူပြီးသွားတဲ့ တာဝန်ကျေပြီးသွားတဲ့ ခေါင်းဆောင်ကြီးများ အာဇာနည်ရဲဘော်များရဲ့ မျော်လင့်ချက်တွေကို အကောင်အထည်ဖေါ်ဖို့ ကျနော့်မှာတာဝန်ရှိတယ် ကျနော်ကိုယ်စွမ်းဥဏ်စွမ်းရှိသလောက်ကျနော် ဆက်လက်တာဝန်တွေကိုထမ်းဆောင်ပြီး အကောင်အထည်ဖေါ်မယ်လို့  သူတို့ ကိုကျနော်ရင်ထဲမှာကတိတွေပေးပါတယ်။ သွားလေသူ အာဇာနည်တွေရဲ့ဝိညဉ်တွေရှေ့မှာ ကျနော်ကတိပေးပါတယ် သူတို့ ကိုကျနော်သက်ဆုံးထိတိုင်သစ္စာစောင့်သိပါမယ်။KNLA ဒုတိယစစ်ဦးစီးချူပ် စောဘောကျော်ဟဲ
ရဲဘော် စောဂျက်ကောမှ ပြန်လည်ပြောပြသော ဆဲဗင်းဂျူ လိုင် ကိုယ်တွေ့ သမိုင်းမှတ်တမ်း (ရုပ်သံ)
တချိန်က 7 July မှာဖြစ်ပျက်ခဲ့တာတွေဆရာဂျက်ကောမှ ကျောင်းသားလူငယ်တွေကို ပြန်လည်ပြောပြသော ရုပ်သံဖြစ်ပါသည်။ ဗီဒီယိုဖိုင် ပေးပို့ တဲ့မိတ်ဆွေအားအထူးကျေးဇူးတင်ပါသည်။
ဆရာဂျက်ကောရဲ့အမြင်တချို့ ကို ကောက်နှုတ်ဖေါ်ပြပေးလိုက်တယ်။
"KNU မြင်တာက သိန်းစိန်ဆိုတဲ့.. သမ္မတ ဆိုတဲ့ကောင်က ရိုးသားတယ်လိုသူတို့ ထင်နေတုန်းပဲ။ မင်းအောင်လှိုင်ဆိုတဲ့ကောင်က စစ်ဦးစီးချူပ်လေ.. ဒီကောင်က ကေအဲန်ယူဥက္ကဌကို နှစ်ခါသုံးခါတော့ခေါ်ပြီးဆွေးနွေးပြီးပြီ၊ ဘာဆွေးနွေးလည်းတော့မသိဘူး၊ တာပေမယ့် ကေအဲန်ယူက ဘယ်လောက်ရိပ်မိလည်းမရိပ်မိလည်းတော့မပြောတတ်ဘူး။ ဒီကောင် မင်းအောင်လှိုင်ဆိုတဲ့ကောင်က မရိုးဘူး၊ သိန်းစိန်ဆိုတဲ့သမ္မတလည်း ရိုးမှာမဟုတ်ဘူး။ တာပေမယ့် ကေအဲန်ယူမှာ အဲဒီစွဲရှိတယ်.. သိန်းစိန်ဟာ တော်တော်ရိုးသားတယ်လို့ သူတို့ ထင်နေတယ်။ တကယ်ပဲငြိမ်းချမ်းရေးတည်ဆောက်ချင်တယ်လို့ ထင်တယ် တဖက်ကစစ်တပ်ထဲကတချို့ .... အဲဒါတော့ စောင့်ကြည့်ရမှာပေါ့.. တနေ့ တော့သူတို့ နားလည်လာနိုင်တယ်ထင်ရတယ်..." ဟီးဟီးဟီး(ကျောင်းသားလေးတွေရီတဲ့အသံ)
7th july, Historical Reminiscence
Free discussion of Saw Jacob
Caedmon, and Old Student of University of Rangoon during 1960- about the
episode of Seventh July 1962 the massacre of the student of Rangoon
University committed by General Nay Win, to the alumni and Student
Association of Kaw Thoo Lei College of Leadership and Management (LMTC)
on Seventh July (7th July) 2014.
0 comments:
Post a Comment