KNU ဗဟိုအမြဲတမ်း ကော်မတီ အရေးပေါ် အစည်း အဝေးမှ NCCT သို့ အကြံပြု တင်ပြ
ယခုနှစ်အတွက် ကရင်တော်လှန်ရေးနေ့ အခမ်းအနား မှ
ဓါတ်ပုံ ကရင်လူငယ်တဦး
(၄) ရက်ကြာ ကျင်းပသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏
ဗဟိုအမြဲတမ်း ကော်မတီ အရေးပေါ် အစည်း အ ဝေးမှ တနိုင်ငံလုံး အပစ်အခတ်
ရပ်စဲရေး အတွက် အကြံပြု တင်ပြချက် များကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့
များ၏ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) သို့ တင်ပြခဲ့ သည်ဟု ပြောရေး ဆိုခွင့် ရှိသူ ပဒိုမန်းမန်းက ဆိုပါသည်။
“ ဒီလိုပါ။
ဒီအရေးပေါ် အစည်း အဝေး ကနေ အစိုးရရဲ့ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး
စာချုပ် မူနဲ့ ကျနော်တို့ရဲ့ လောခီးလာ စာချုပ် မူကြမ်း နှစ်ခု ထဲက
ပြန်လည်သုံးသပ်ပြီးတော့ တခုထဲဖြစ်ဖို့ (Single Test ) စာချုပ် ဖြစ်အောင် ဘယ်အချက် တွေ ပေါင်း စည်းပြီး ဘယ်အခန်း ကဏ္ဍ မှာ ထည့်ထားတယ် ဆိုတဲ့ အကြံပြု ချက် မူကြမ်းပါ။ ဒါကို NCCT ထံတင်ပြတာ ဖြစ်ပါတယ်။” ဟုဆို ပါသည်။
KNU ၏ တင်ပြချက် အပေါ် NCCT နှင့် အဖွဲ့ဝင် တိုင်းရင်းသား ပါတီများက လက်ခံမည်ဆို ပါက လာမည့် ဧပြီလ ဆန်းပိုင်း၌ ကျင်းပရန် ရှိသည့် NCCT နှင့် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီ (UPWC) တို့၏ စာချုပ် မူကြမ်း ညှိနှိုင်းပွဲ တွင် တင်ပြမည် ဖြစ်သည်ဟု ဆိုပါသည်။
အထူးသဖြင့် KNU အရေးပေါ် အစည်း အဝေးသည်၊ လောခီးလာ သဘောထား စာချုပ်မူကြမ်း အပါဝင် အစိုးရဖက်မှ တင်ပြထားသော စာချုပ် မူကြမ်း နှင့် ပြီး ခဲ့ သည့် မတ်လ (၁၀) ရက်နေ့တွင် အစိုးရ ကိုယ်စားလှယ်များ နှင့် သဘောတူ ထားသည့် စာချုပ် တွင် ပါဝင်ရမည့် အခန်းကဏ္ဍ များကို ပြန်လည် သုံးသပ်ခြင်း ဖြစ်ပါသည်။
ရခိုင်ပဋိပက္ခ ဘန်ကီမွန်းနဲ့ သမ္မတဦးသိန်းစိန် တယ်လီဖုန်းနဲ့ ဆွေးနွေး
31.03.2014
မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို တာဝန်နဲ့အညီ လိုက်နာဆောင်ရွက်ပေးဖို့နဲ့ အဲဒီဝန်ထမ်းတွေရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း တည်ဆဲ သဘောတူညီချက်တွေနဲ့အညီ ကာကွယ်စောင့်ရှောက်ပေးဖို့ အတွင်းရေးမှူးချုပ်က တောင်းဆိုခဲ့ပါတယ်။
0 comments:
Post a Comment