Wednesday, March 26, 2014

Latest Malasia Air Conditions 27/3/14

မလေးရှားလေယာဉ် MH 370 နဲ့ ပတ်သက်လို့ နောက်ဆုံးရ သတင်း


ပျက်ကျသွားပြီလို့ ကောက်ချက်ချခဲ့တဲ့ မလေးရှား လေယာဉ်နဲ့ ပတ်သက်တဲ့ အခု နောက်ဆုံးအသစ်ရရှိတဲ့ အချက်အလက် တွေမှာ ဂြိုဟ်တုက ရတဲ့ ပုံရိပ်အသစ်တွေအရ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ တွေ့ရတဲ့ အပိုင်းအစ ၁၂၀ လောက်ဟာ MH 370 လေယာဉ်က ဖြစ်နိုင်တယ်လို့ မလေးရှားနိုင်ငံက ပြောပါတယ်။ 


 လေယာဉ်အပိုင်းအစ ရှာဖွေနေတဲ့ နေရာ


ပြင်သစ်က ထုတ်ပြန်တဲ့ ဂြိုလ်တု ပုံရိပ်တွေအရ တချို့ အစိပ်အပိုင်းတွေဟာ ၂၄ မီတာကျော် ရှည်လျား တာတွေ့ရပြီး အခု ပင်လယ်ထဲမှာ မျောနေတဲ့ ပစ္စည်းတွေဟာ တော်တော် ကျယ်ကျယ်ဝန်းဝန်း 
မျောနေကြတာလို့ ဘီဘီစီသတင်းတပုဒ်က ဆိုပါတယ်။ 
 CNN NWS 26. 3. 2014 - 1:00 PM ET

ပြီးခဲ့တဲ့ တရက် ၂ ရက်က လေယာဉ်အပိုင်းအစတွေ ရှိတယ်လို့ ဂြိုလ်တုက ညွှန်ပြတဲ့နေရာတွေမှာ ရှာဖွေရေး လုပ်ဖို့ ရာသီဥတု မကောင်းလို့ ရှာဖွေရေး ခန ရပ်ထားခဲ့တာကိုတော့ အခု ရာသီဥတု 
ကောင်းလာပြီဖြစ်လို့ ရှာဖွေရေးတွေပြန် လုပ်နေပါပြီ။ 

မလေးရှားလေယာဉ် ပျက်ကျခဲ့တယ်လို့ အတည်ပြုပြီးကတည်းက နိုင်ငံတကာ ခေါင်းဆောင်တွေ၊ 
လေကြောင်းလိုင်း အကြီးအကဲတွေနဲ့ အဖွဲ့အစည်းအသီးသီးကလည်း ဝမ်းနည်းခြင်း စကားတွေ အသီးသီး ပြောကြားနေကြပါတယ်။

David Guetta - Shot Me Down ft. Skylar Grey (Lyrics Video)


0 comments:

Post a Comment

KarenKweNewsGroup © 2008 Template by:
SkinCorner