Monday, March 17, 2014

Burmese TV Update News 18/3/2014

ပျောက်ဆုံးမလေးရှားလေယာဉ်နဲ့ ပတ်သက်ပြီး တိကျတဲ့ အချက်အလက် တရုတ်တောင်းဆို

unnamed
ပျောက်ဆုံးမလေးရှားလေယာဉ်နဲ့ ပတ်သက်တဲ့ ပိုပြီး တိကျ အသေးစိတ်တဲ့ သတင်းအချက်အလက်တွေကို ထုတ်ပေးဖို့ တရုတ်အစိုးရက မတ်လ ၁၅ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။


 ပျောက်ဆုံးနေသည့် MH 370 ဘိုးအင်းလေယာဉ်ကို ၂၀၁၁ ခုနှစ်က ပြင်သစ်နိုင်ငံ၊ ချားဒီဂေါလ်လေဆိပ်တွင် 
တွေ့ရစဉ် (ဓာတ်ပုံ – Wikipedia)

မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇဲခ်က တပတ်ကျော်ကြာပျောက်ဆုံးနေခဲ့တဲ့ လေယာဉ်ဟာ အစီအစဉ်ရှိရှိ လမ်းကြောင်းပြောင်းတာ ခံခဲ့ရတယ်လို့ မတ်လ ၁၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့အပြီး ခုလိုတရုတ်အစိုးရက တောင်းဆို လိုက်တာပါ။
မလေးရှား ပို့ဆောင်ရေး ဝန်ကြီးဌာနက ဒီကနေ့ မတ်လ ၁၆ ရက်နေ့မှာ ပျောက်ဆုံးနေဆဲဖြစ်တဲ့ လေယာဉ် နဲ့ ပတ်သက်ပြီး  ကြေညာချက် တစောင်ထုတ်ပြန်ပါတယ်။ 




လေယာဉ်ပေါ်မှာတော့ တရုတ် ခရီးသည် ၁၅၄ယောက် တင်ဆောင်ထားပါတယ်။ စုစုပေါင်းလူ ၂၃၉ ယောက်ကို တင်ဆောင်ထားရင်းပျောက်ဆုံးနေတဲ့လေယာဉ်ကို ရှာဖွေတာ ဒုတိယရက်သတ်တပတ်ကို ရောက်လာပါပြီ။ မလေးရှားအရှေ့ပိုင်းက စီစဉ်ထားတဲ့လေကြာင်းလိုင်းအတိုင်း  လေယာဉ်အပျက်အစီးကို ရှာဖွေမှုကို ရပ်ပြီး တခြားနေရာတွေကို ပြောင်းရွှေ့ရှာဖွေနေတယ်လို့ မလေးရှားဝန်ကြီးချုပ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။


မနေ့ကပဲ မလေးရှားလေယာဉ်ပျောက်ကို ရှာဖွေဖို့ နာဆာ (National Aeronautics and Space Administration (NASA) 

 

ပျောက်ဆုံးလေယာဉ်က ဖြစ်ဖွယ်ရှိတဲ့ အပိုင်းအစတွေ တရုတ်တွေ့ရှိ


ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ရဲ့ အပိုင်းအစတွေ တောင်တရုတ် တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနကတော့ မလေးရှားအစိုးရက သတင်းအချက်အလက်တွေ ဆက်ပေးနေဖို့ မတ်လ ၁၅ ရက်နေ့က တိုက်တွန်းပါတယ်။ စုံစမ်းစစ်ဆေးရာမှာ ကူညီဖို့ တရုတ်နည်းပညာရှင်အဖွဲ့တဖွဲ့က လောလောဆယ် မလေးရှားကို သွားနေပြီ သက်ဆိုင်ရာ နိုင်ငံတွေ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ထိတွေ့မှုတွေ ဆက်လုပ်သွားမယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ချင်ဂံက အစိုးရရုပ်သံ စီစီတီဗီကို ပြောပါတယ်။

စုံစမ်းစစ်ဆေးသူတွေကတော့ လေယာဉ်ကို လေယာဉ်မှူး ဒါမှမဟုတ် တွဲဖက်လေယာဉ်မှူး ဒါမှမဟုတ် လေကြောင်နားလည်ကျွမ်းကျင်သူ တစုံတယောက်က လေယာဉ်ကို မောင်းယူသွား တာဆိုတဲ့ ဖြစ်နိုင်ချေကို ဦးတည်ထားမှု ပိုတိုးလာနေပါတယ်။ ပျောက်ဆုံးလေယာဉ်နဲ့ ဂြိုလ်တုကြားနောက်ဆုံး ဆက်သွယ်မှုကို မလေးရှားစံတော်ချိန်မနက် ၈ နာရီ ၁၁ မိနစ်က ရထားတဲ့ သတင်းအချက်အလက် အသစ်တွေက ပြနေတယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။

အကဲခတ်မှုအရ လေယာဉ်ဟာ စင်္ကြန်လမ်း ၂ ခုထဲက တခုမှာ ရှိနေတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်း ကနေ ဆန့်ထွက်သွားတဲ့ မြောက်ဘက်စင်္ကြန်လမ်းအတိုင်း ကာဇက်စတန်နဲ့ တာ့မန်နစ်စတန် ကြား နယ်စပ်မှာ ဒါမှမဟုတ် အင်ဒိုနီးရှားနိုင်ငံကနေ ဆန့်ထွက်သွားတဲ့ တောင်ပိုင်းစင်္ကြန်လမ်း ကနေတဆင့် အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်းဆီကို ဖြစ်နိုင်တယ်လို့ သုံးသပ်ထားကြောင်း မလေးရှားဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

0 comments:

Post a Comment

KarenKweNewsGroup © 2008 Template by:
SkinCorner